လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုငဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၇.၂၀၁၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခက်မှုကြောင့် မော်လမြိုင်ကျွန်းမြို့နယ်၊ စော်ကဲချောင်းကျေးရွာအုပ်စု ရေကျော်စုကျေးရွာနှင့် မမှိုဥချောင်းကျေးရွာတို့၌ ပျက်စီးခဲ့သည့် လေဘေးသင့်အိမ်ထောင်စု
(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်းများ ဆန်ရိက္ခာဖိုး(၁၆၈၀၀ိ/) အိမ်ဆောက်ပစ္စည်း ဖိုး(၂၀၀၀၀၀ိ/) တို့ကိုလပွတ္တာခရိုင်ဦးစီးမှူးရုံးမှ (၂၅-၇-၂၀၁၇)ရက်နေ့တွင် မော်လမြိုင်ကျွန်းမြို့နယ၊် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ လေဘေးသင့်ပြည်သူများထံသို့သွားရောက် ထောက်ပံ့ခဲ့ကြောင်းသတင်းရ ရှိပါသည်။Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)