မြေပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

26_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ်တွင် (၂၀-၇-၂၀၁၇) ရက်နေ့မှ (၂၁-၇-၂၀၁၇) ရက်နေ့ထိ မိုးသည်းထန်စွာရွာ သွန်းပြီး မြေပြိုမှုကြောင့် ထပ်မံရရှိသောသတင်းများအရ သိမ်ဇရပ်ကျေးရွာ၊ လုံးဝပြိုကျအိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ (၁) ပုံး၊ တစ်စိတ်ပိုင်းပျက်စီးအိမ်ခြေ (၁၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၇) မျိုးပါ (၁၇) ပုံး၊ အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၁၈၅၀၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၃၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ တန်ဖိုးငွေ (၂၈၇၇၀၀/-) ကျပ်တို့အား (၂၄-၇-၂၀၁၇) ရက်နေ့တွင် မြေပြိုဘေးဖြစ်ပွားသည့်ကျေးရွာ သို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:   သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events