Category Archives: News
-
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြှုပ်မှုနှင့် ကမ်းပြိုဘေးအတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ထောက်ပံ့မှုများပေးအပ်မှုသတင်း
(၂၉-၇-၂၀၁၇)၊ ဧရာဝတီတိုင်းဒေသကြီး ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်း ဧရာဝတီမြစ်ရေသည် ဧရာဝတီတိုင်းဒေသကြီးရှိ အချို့ဒေသများတွင် စိုးရိမ်ရေအမှတ်အထက်သို့ ရောက်ရှိခဲ့သဖြင့် ရေကြီးနစ်မြုပ်မှုခံရသော ကျေးရွာများမှ ပြည်သူများသည် ယာယီရေဘေးစခန်းများတွင် ခေတ္တရေဘေးရှောင် ခိုလှုံလျက်ရှိကြရာ ဓနုဖြူမြို့၊ ကျိုက္ကလွန်ပွန်းစေတီပရဝုဏ်အတွင်းရှိ ဦးဖိုးရွှေတန်ဆောင်းတော်ကြီးတွင် ရေဘေးရှောင်ပြည်သူ (၆၃၀) ဦးကို အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၂၉-၇-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် တွေ့ဆုံအားပေးစကား ပြောကြားပါသည်။ လေ့လာဆန်းစစ်ချက်များအရ … Read more
-
ရေဘေးဇာတ်တိုက်လေ့ကျင့်မှုတွင် ရေဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်း
ကလေးခရိုင်/ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲကော်မတီမှ ဦးဆောင်၍ ပြုလုပ်သော ရေဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကို ကလေးမြို့နယ်၊ ကံပုလဲကျေးရွာအခြေခံပညာကျောင်း၌ (၂၉-၇-၂၀၁၇) ရက်နေ့၊ နံနက် (၈းဝ၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ဖြစ်သော ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပါသည်။ အဆိုပါရေဘေးဇာတ်တိုက်လေ့ကျင်းခန်းသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ကျေးရွာသူ/သားများ စုစုပေါင်းအင်းအား (၄၀၀) ကျော်တက်ရောက်ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
အင်္ဂပူမြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
အင်္ဂပူမြို့နယ်၊ သက္ကယ်တန်းအုပ်စု လက်ျားကုန်းရွာ၊ ကံဘတ်အုပ်စု ကညင်ဆိပ်ရွာ၊ စစ််ကုန်းအုပ်စု ရွာ ၃ ရွာနှင့် ခွေးတောက်ချောင်းအုပ်စု နံကပ်ကြီးရွာတို့၌ (၂၂-၇-၂၀၁၇) မှ (၂၇-၇-၂၀၁၇) နေ့ထိ ဖြစ်ပွားသော ကမ်းပြိုဘေးသင့် အိမ်ခြေ (၄၈) လုံး၊ အိမ်ထောင်စု (၄၈) စု၊ လူဦးရေ (၁၈၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၄၈) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၈၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၃၈၀၁၀၀) ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၅၁၈၀၁၀၀) ကျပ်တို့ကို … Read more
-
မုံရွာမြို့နယ်၊ ဘုဘကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၁၇) ရက်နေ့တွင် မုံရွာမြို့နယ်၊ ဘုဘကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့၌ မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကို (၂၈-၇-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းများမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၈၀) ခန့်တက်ရောက်ခဲ့ကြပြီး ရှမ်းပြည်နယ်ဦးစီးမှူး (ကယ်ဆယ်ရေး) မှ ဦးဆောင်ဟောပြောဆွေးနွေးခြင်းနှင့် တက်ရောက်လာသူများမှ အဖွဲ့လိုက်ဆွေးနွေးခြင်း၊ အပြန်အလှန်သုံးသပ်ဆွေးနွေးခြင်းများ ဆောက်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ခါနန်ရပ်ကွက်နှင့် အလင်းကောင်ရပ်ကွက်တို့မှ မိုင်းထိဒဏ်ရာရရှ်ိသူများအတွက် ထောက်ပံ့မှုသတင်း
ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၁၇) ရက်နေ့တွင် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်း မိုင်းထိဒဏ်ရာရရှ်ိသူ ခါနန်ရပ်ကွက်မှ (၁) ဦးနှင့် အလင်းကောင်ရပ်ကွက်မှ (၃) ဦး စုစုပေါင်း(၄)ဦးတို့အား တစ်ဦးလျှင် ထောက်ပံ့ငွေ (၅၀၀၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေစုစုပေါင်းငွေ (၂၀၀၀၀၀) ကျပ်တိတိတို့ကို သွားရောက်ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၁၇) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာ၌ ပြည်သူလူထုအင်အား (၂၀၀) ဦးအား ဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသော ပြည်သူများထံ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၁၇) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်ကျေးရွာ၌ ပြည်သူလူထုအင်အား (၁၅၀) ဦးအား ဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသော ပြည်သူများထံ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)









