Category Archives: News
-
ချင်းတွင်းမြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ အိမ်ထောင်စုများအားထောက်ပ့ံမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၇-၂၀၁၇) နေ့နှင့်(၂၈-၇-၂၀၁၇) နေ့တွင် ချင်းတွင်းမြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ကြိုတင် ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသော ညောင်ဝန်းကျေးရွာနှင့်တိန်းသာကျေးရွာရှိ အိမ်ထောင်စု (၂) စု လူဦးရေ (၁၂)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၂)အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပ့ံငွေ (၂၀၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပ့ံငွေ (၂၅၂၀၀) ကျပ်အား (၈-၈-၂၀၁၇) နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးခန်းတွင် ထောက်ပ့ံခဲ့ကြောင်းသတင်းရရှိပါသည်။Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ဝင်းစန္ဒာကြည် နှင့်အဖွဲ့သည် (၈-၈-၂၀၁၇)နေ့တွင် ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရာအိမ်မှူး၊ဆယ်အိမ်မှူးများအားဦးစီးဌာနလုပ်ဆောင်ချက်များ၊သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစနစ်၊သဘောတရားများနှင့်DAN Mobile Application အသုံးပြုပုံနည်းစနစ်များကို ရှင်းလင်းဟောပြောခဲ့ရာ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ ကြောင်းသတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု၊ ဗုဓလက်ကျေးရွာ၌ (၅-၈-၂၀၁၇) ရက်နေ့တွင် မိုးကြိုးထိမှန် သေဆုံးသူ (၁) ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀၀) ကျပ်နှင့် မိုးကြိုးစက်ကွင်းမိ၍ ထိခိုက်ဒဏ်ရာရရှိသူ (၃) ဦးအတွက် တစ်ဦးလျှင် (၅၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၄၅၀၀၀၀) ကျပ်တို့အား (၇-၈-၂၀၁၇) ရက်နေ့တွင် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ကျင်ကြီးဒေါင့်ကျေးရွာ၌ ဆူမီသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုသတင်း
(၇-၈-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) သည် Action Aid Myanmar ဖျာပုံအဖွဲ့နှင့်ပူးပေါင်း၍ ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ကျင်ကြီးဒေါင့်ကျေးရွာ၌ ကျေးရွာလူထူပူးပေါင်းပါဝင်သော ဆူမီသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူများအပါအဝင် ပြည်သူ (၄၀၀) ဦး တက်ရောက်ပါဝင်ဆောင်ရွက်ခဲ့ပြီး ဘေးအမျိုးအစားပေါ်မူတည်၍ ကြိုတင်ပြင်ဆင်ရေးဆိုင်ရာများ သိရှိပြီး အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရန် အလေးထားဆောင်ရွက်ခဲ့ကာ အသိပညာပေးလက်ကမ်းစာစောင်များနှင့် ပိုစတာများဝေငှပေးခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တာချီလိတ်မြို့နယ်၊ မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေးအလုုပ်ရုံဆွေး နွေးပွဲကျင်းပပြုလုပ်မှုသ တင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၁၇) နေ့တွင် တာချီလိတ်မြို့နယ်ခန်းမ ၌မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေးအလုုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူးခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ နိုင်ငံရေးပါတီများ မြို့မိမြို့ဖများ ရပ်/ကျေးအုပ် ချုပ်ရေးမှူးများ လူမှုရေးအဖွဲ့အစည်းများမှ စုစုပေါင်းအင်အား (၂၀၀) ခန့်တက်ရောက်ခဲ့ ကြောင်းသတင်းရရှိပါသည်။Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အဖွဲ့အစည်းတို့ ပူးပေါင်းပြီး “သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေကို သိရှိနားလည်သဘောပေါက်စေနိုင်မည့် စွမ်းဆောင်ရည်ရရှိစေခြင်း” အစည်းအဝေးကျင်းပခြင်း
၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့််ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB ) အဖွဲ့အစည်းတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ပြည်သူလူထု၏ သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးအတွက် နည်းပညာပံ့ပိုးမှုစီမံချက်လုပ်ငန်း၏ Output (1)နှင့် စပ်လျဉ်းသည့် “သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေကို သိရှိနားလည်သဘောပေါက်စေနိုင်မည့် စွမ်းဆောင်ရည်ရရှိစေခြင်း” အစည်းအဝေးကို (၇-၈-၂၀၁၇)ရက်နေ့၊ (၁၀:၀၀)နာရီတွင် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှှုဗဟိုဌာန (EOC) အဆောက် အအုံအသစ်တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တကွ ညွှန်ကြားရေးမှူးများ၊ … Read more
-
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၌ အုတ်တံတိုင်းပြိုကျရာမှ အိမ်တစ်စိတ်တစ်ပိုင်းပြိုကျမှုအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
(၂၇-၇-၂၀၁၇) ရက်နေ့တွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အိမ်အမှတ် (ဟတ/၉) ၌ အုတ်တံတိုင်းပြိုကျရာမှ အိမ်တစ်စိတ်တစ်ပိုင်းပြိုကျခဲ့ရာ အဆိုပါပြိုကျမှုအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မြေပြိုဘေးထောက်ပ့ံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၁၇)နေ့တွင် ဟားခါးမြို့နယ်၊ ဇိုခွားကျးရွာအုပ်စု၊ ဖိုခွားကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုဘေး အန္တရာယ် စိုးရိမ်ရသဖြင့် ဦးလမ်ဘွေနေအိမ် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ခြင်းအတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ(၁၀၀၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၆၃၀၀)ကျပ်၊ စုစုပေါင်း (၁၀၆၃၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးအား (၇-၈-၂၀၁၇)ရက်နေ့တွင် ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှတစ်ဆင့် ထောက်ပ့ံခဲ့ကြောင်းသတင်း ရရှိပါသည်။Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၁၇) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ပါဆန်း (အလက) စာသင်ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရ ရှိပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၁၇) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ နမ့်လောက်ကျေးရွာအတွင်းရှိ လူဦးရေ (၁၀၀) ဦးခန့်အား သဘာဝဘေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)









