
(၂၇-၇-၂၀၁၇) ရက်နေ့တွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အိမ်အမှတ် (ဟတ/၉) ၌ အုတ်တံတိုင်းပြိုကျရာမှ အိမ်တစ်စိတ်တစ်ပိုင်းပြိုကျခဲ့ရာ အဆိုပါပြိုကျမှုအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)