၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့််ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB ) အဖွဲ့အစည်းတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ပြည်သူလူထု၏ သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးအတွက် နည်းပညာပံ့ပိုးမှုစီမံချက်လုပ်ငန်း၏ Output (1)နှင့် စပ်လျဉ်းသည့် “သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေကို သိရှိနားလည်သဘောပေါက်စေနိုင်မည့် စွမ်းဆောင်ရည်ရရှိစေခြင်း” အစည်းအဝေးကို (၇-၈-၂၀၁၇)ရက်နေ့၊ (၁၀:၀၀)နာရီတွင် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှှုဗဟိုဌာန (EOC) အဆောက် အအုံအသစ်တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တကွ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများနှင့် ADB အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ စုစုပေါင်း (၂၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
၂။ အဆိုပါအစည်းအဝေးတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဦးစီးဌာနအနေဖြင့် (ADB) အဖွဲ့အစည်းနှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံ ပြည်သူလူထု သဘာဝဘေးရင်ဆိုင်တုံ့ပြန်နိုင်စွမ်းမြင့်မားစေရေး အမျိုးသားအဆင့်မူဘောင်အား ရေးဆွဲထားပြီးဖြစ်ကြောင်းနှင့် ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားသည့်အခါ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိရာ ယခုအကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံချက်လုပ်ငန်းသည် မြန်မာနိုင်ငံ ပြည်သူလူထု၏ သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျော့ပါးရေးအတွက် နည်းပညာပံ့ပိုးမှုစီမံချက်လုပ်ငန်းဖြစ်သည့်အတွက် ဦးစီးဌာနအတွက်များစွာ အထောက်အပံ့ဖြစ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၃။ ဆက်လက်၍ ADB အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်(၁)ဦးမှ စီမံချက်လုပ်ငန်း၏ နောက်ခံ အကြောင်းအရာ၊ ရည်ရွယ်ချက်များနှင့် ရလဒ်များ၊ ယနေ့အစည်းအဝေးပြုလုပ်ရြခင်း၏ ရည်ရွယ်ချက်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသောကိုယ်စားလှယ်များမှ သိလိုသည်များကို မေးမြန်းခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။