လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၁၇)နေ့တွင် ဟားခါးမြို့နယ်၊ ဇိုခွားကျးရွာအုပ်စု၊ ဖိုခွားကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုဘေး အန္တရာယ် စိုးရိမ်ရသဖြင့် ဦးလမ်ဘွေနေအိမ် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ခြင်းအတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ(၁၀၀၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၆၃၀၀)ကျပ်၊ စုစုပေါင်း (၁၀၆၃၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးအား (၇-၈-၂၀၁၇)ရက်နေ့တွင် ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှတစ်ဆင့် ထောက်ပ့ံခဲ့ကြောင်းသတင်း ရရှိပါသည်။Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)