Category Archives: News
-
မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ လမ်းခွကျေးရွာသို့ ထပ်မံပြောင်းရွှေ့ရောက်ရှိလာသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
(၁၆-၈-၂၀၁၇) ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ လမ်းခွကျေးရွာသို့ ထပ်မံပြောင်းရွှေ့ရောက်ရှိလာသော အိမ်ထောင်စု (၈၁) စု၊ လူဦးရေ (၃၃၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၁၂) ပုံးနှင့် (၁၆) မျိုးပါ (၆၉) ပုံးနှင့် ဆန်ရိက္ခာဖိုငွေ (၇၀၇၇၀၀) ကျပ်တိတိအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးနှင့် မိုးညှင်းခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၈-၂၀၁၇)နေ့တွင် ဝါးခယ်မမြို့ အ.ထ.က (၂)နှင့် အ.ထ.က ခွဲ ရွာသစ်ကျောင်းများသို့ သဘာဝဘေးအန္တရာယ်နှင့်ပတ် သက်သည့်ကြိုတင်ပြင်မှုများ ဆောင်ရန်ရှောင်ရန်များအားဟောပြောခြင်း ကျောင်းသား ကျောင်းသူ များအား ဆူနာမီပုံပြင်ပြောပြခြင်း ပုံစံငယ်လေးများဖြင့်ရှင်းလင်းပြသခြင်း လက်ကမ်းစာဆောင်နှင့် ပိုစတာများဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပြီးတစ်ကျောင်း လျင်ကျောင်းသား ကျောင်းသူ (၃၅၀) ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီမြစ်ရေမြှင့်တက်လာမှုကြောင့်ခေတ္တယာယီပြောင်းရွှေ့သောအိမ်ထောင်များအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့ပေါ်(၄)ရပ်ကွက် ခွန်သာ၊ ပေါက်ကုန်း၊ ညောင်ပင်ရပ်၊ မင်းကျောင်းကုန်းများတွင် (၁၅.၈.၂၀၁၇) ဧရာဝတီမြစ် ရေမြင့်တက်လာမှုကြောင့် ခေတ္တယာယီပြောင်းရွှေ့သော အိမ်ထောင်စု(၇၃)လူဦးရေ (၂၉၄)နှင့် ရွှေကူမြို့နယ် (၄)ရပ်ကွက်ရှိ ခတ္တယာယီပြောင်းရွှေ့အိမ်ထောင်စု (၃၈) စုလူဦးရေ (၁၉၆)စုစုပေါင်း အိမ်ထောင်စု (၁၁၁) စုလူဦးရေ (၄၉၀)ဦးတို့အား ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးနှင့် (၁၃-၈-၂၀၁၇)ရက် နေ့မှ(၁၅.၈.၂၀၁၇)ရက်နေ့ထိ ပြောင်ရွှေ့ခဲ့သော ဗန်းမော်မြို့နှင့် ရွှေကူမြု့ိ အိမ်ထောင်စုစုပေါင်း (၂၃၉) စုလူဦးရေ (၁၃၀၄)ဦးတို့အတွက ်(၇)ရက်စာဆန်ဖိုးငွေ (၂၇၃၈၄၀၀)ကျပ်ထောက်ပံ့ခဲ့ ကြောင်းသတင်း ရရှိပါသည်။Source:ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ နယ်မြေ(၁၄)၊ ဗက်လက်ဘုရားကျောင်းသို့ မိုးကောင်းမြို့၊ ခါနန်ကျေးရွာအုပ်စုမှ နယ်မြေလုံခြုံရေးအခြေအနေအရ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၂၄)စု၊ လူဦးရေ(၅၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂၄)အိမ်ထောင်စုစာနှင့် ဆန်ရိက္ခာ(၇)ရက်စာ (၁၁၃၄၀၀ိ/-)အား (၁၆-၈-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ခဲ့ ကြောင်းသတင်း ရရှိပါသည်။Source:ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္ထရာယ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကယားပြည်နယ်ဦးစီးမှူးရုံးနှင့့်် IRCတို့ပူးပေါင်း၍(၁၆-၈-၂၀၁၇)နေ့တွင် ဖွင့်လှစ်ခဲ့ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး အပါအဝင် စိတ်ပါဝင်စားသူ (၂၂) ဦး တက်ရောက်ကြပါသည်။အဆိုပါ သင်တန်းကာလ (၃) ရက်ကြာမြင့်မည်ဖြစ်ပြီး ပြည်နယ်ကယ်ဆယ် ရေးဦးစီးဌာန၊ ပြည်နယ်မိုးဇလဦးစီးဌာန၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်မီးသတ် ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ IRC တို့မှ ဆွေးနွေးပို့ချပါမည် ဖြစ်ကြောင်းသတင်း ရရှိပါသည်။Source:ကယားပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ စစ်ကုန်းအုပ်စုနှင့် ခွေးတောက်ချောင်း အုပ်စုများတွင် (၉.၈.၂၀၁၇) မှ (၁၃.၈.၂၀၁၇) ထိ ဖြစ်ပွားသော ကမ်းပြိုဘေးသင့် အိမ်ခြေ (၂၁) လုံး၊ အိမ်ထောင်စု (၂၁) စု၊ လူဦးရေ (၇၇) ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၁၀၀၀၀၀) ကျပ် ဆန်ရိက္ခာဖိုး (၁၆၁၇၀၀) ကျပ် – စုစုပေါင်း (၂၂၆၁၇၀၀) ကျပ် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၂၁) အိမ်ထောင်စာ … Read more
-
ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိလာသောမြန်မာ့အလုပ်သမားအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၁၇)ရက်နေ့တွင် ထိုင်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာ့အလုပ်သမား (၇၄) ကို ကော့သောင်းခရိုင်ဦးစီး မှူးရုံးမှ ကြို ဆိုခဲ့ပြီး အဆိုပါ (၇၄)ဦးအနက်မှ ခရီးစရိတ်အခက်အခဲရှိသူ (၁၀)ဦးအား ခရီးစရိတ် တစ်ဦးလျင် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်း (၂၀၀၀၀၀)ကို ထောက်ပံ့ပေးခဲ့ကြောင်းသတင်း ရရှိပါသည်။Source:ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)









