(၁၆-၈-၂၀၁၇) ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ လမ်းခွကျေးရွာသို့ ထပ်မံပြောင်းရွှေ့ရောက်ရှိလာသော အိမ်ထောင်စု (၈၁) စု၊ လူဦးရေ (၃၃၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၁၂) ပုံးနှင့် (၁၆) မျိုးပါ (၆၉) ပုံးနှင့် ဆန်ရိက္ခာဖိုငွေ (၇၀၇၇၀၀) ကျပ်တိတိအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးနှင့် မိုးညှင်းခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)