တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ နယ်မြေ(၁၄)၊ ဗက်လက်ဘုရားကျောင်းသို့ မိုးကောင်းမြို့၊ ခါနန်ကျေးရွာအုပ်စုမှ နယ်မြေလုံခြုံရေးအခြေအနေအရ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၂၄)စု၊ လူဦးရေ(၅၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂၄)အိမ်ထောင်စုစာနှင့် ဆန်ရိက္ခာ(၇)ရက်စာ (၁၁၃၄၀၀ိ/-)အား (၁၆-၈-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ခဲ့ ကြောင်းသတင်း ရရှိပါသည်။Source:ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events