သဘာဝဘေးအန္ထရာယ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းဖွင့်လှစ်မှုသတင်း

16ic-03 16Pic-01လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကယားပြည်နယ်ဦးစီးမှူးရုံးနှင့့်် IRCတို့ပူးပေါင်း၍(၁၆-၈-၂၀၁၇)နေ့တွင် ဖွင့်လှစ်ခဲ့ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး အပါအဝင် စိတ်ပါဝင်စားသူ (၂၂) ဦး တက်ရောက်ကြပါသည်။အဆိုပါ သင်တန်းကာလ (၃) ရက်ကြာမြင့်မည်ဖြစ်ပြီး ပြည်နယ်ကယ်ဆယ် ရေးဦးစီးဌာန၊ ပြည်နယ်မိုးဇလဦးစီးဌာန၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်မီးသတ် ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ IRC တို့မှ ဆွေးနွေးပို့ချပါမည် ဖြစ်ကြောင်းသတင်း ရရှိပါသည်။Source:ကယားပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events