Category Archives: News
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတ မြို့နယ်၊ အင်္ဂရမ်းအုပ်စု၊ အုတ်ရှစ်ကုန်းကျေးရွာ၌(၁-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကမ်းပြိုဘေးသင့် အိမ်ခြေ (၂၄) လုံး၊ အိမ်ထောင်စု (၂၄) စု၊ လူဦးရေ (၉၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၂၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂,၄၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၉၉,၅၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၅၉၉,၅၀၀) တို့အား (၂၂-၈-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: … Read more
-
ဒီမိုကရေစီကူးပြောင်းရာတွင် ဝန်ဆောင်မှုပေးသည့်ဝန်ထမ်းများနှင့် ဝန်ဆောင်မှုရယူသည့်ပြည်သူတို့ အပြန်အလှန် နားလည်မှုရှိစွာဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပြောကြား
Source: MSWRR နေပြည်တော်၊ ၂၂.၈.၂၀၁၇ ကျား/မတန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းပကားမြှင့်တင်ရေးအကျိုးတူ ပူးပေါင်းအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးသည် နိုင်ငံတော် အတိုင်ပင်ခံဦးဆောင်ဖွဲ့စည်းခဲ့သော ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (DACU) က ချမှတ်ထားသည့် လမ်းညွှန်ချက်များအရကျင်းပသည့် ပထမအကြိမ်အစည်းအဝေးဖြစ်ပါကြောင်း၊ ယခင်ကျင်းပခဲ့သောကျား/မတန်းတူညီမျှရေးနှင့် အမျိုးသမီး စွမ်းပကားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေး၊မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီအစည်းအဝေးများနှင့်ကျား/မတန်းတူညီမျှ ရေးနှင့် အမျိုးသမီးစွမ်းပကားမြှင့်တင်ရေးဆိုင်ရာမူဝါဒများ၊ လုပ်ငန်းကဏ္ဍများတွင် အောင်မြင်မှုရအောင် ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ ကတိက ဝတ်များ အကောင်အထည်ဖော်ရေးအတွက် မူဝါဒချမှတ်ခြင်းနှင့် နိုင်ငံတော်အဆင့် … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၁၇) ရက်နေ့တွင် သရက်ခရိုင်၊ ကံမမြို့နယ်၊ စမ်းသပြေကျေးရွာရှိ ပြည်သူလူထု (၁၂၂) ဦးအား သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် မိုးကြိုးဘေးဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ပြည်တော်သာကျေးရွာ၌(၁၉-၈-၂ဝ၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၄၉) လုံး၊ အိမ်ထောင်စု (၄၉) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁ဝ) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၄,၉ဝဝ,ဝဝဝ)ကျပ်နှင့် လူဦးရေ (၁၈ဝ) ဦးအတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၃၇၈,ဝဝဝ)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅,၂၇၈,ဝဝဝ)ကျပ်တို့အား (၂၂-၈-၂ဝ၁၇) ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မူဆယ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လွှဲပြောင်း/လက်ခံထားသော စပါးအိတ် (၅၀၇) အိတ်အား ဆန်အဖြစ်ကြိတ်ခွဲခဲ့ရာ (၂၈၄.၅) အိတ်မှ (၁၈၉.၅) အိတ်အား ကွတ်ခိုင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်း(၁၂) ခုမှ အိမ်ထောင်စု (၈၅၄) စု လူဦးရေ (၄,၈၆၂) ဦးအတွက်(၂၂-၈-၂၀၁၇) ရက်နေ့ (၁၀:၀၀) နာရီမှ (၁၁:၀၀) နာရီထိ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး လားရှိုးခရိုင် ကယ်ဆယ်ရေးရုံးမှ ခရိုင်ဦးစီးမှူးနှင့် တိုက်ပွဲရှောင်စခန်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာနှင့် ဒွါရစုကျေးရွာများမှ ကမ်းပြိုဘေးနှင့် ရေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ််ခရိုင်၊ ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာ၌ (၁၇-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ခဲ့သည့် နေအိမ်် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၁)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ(၇)ရက်စာ (၄၂၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ စုစုပေါင်း(၁၀၄၂၀၀) ကျပ်နှင့် ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ဒွါရစုကျေးရွာ၌ (၂၁-၈-၂၀၁၇) ရက်နေ့တွင် ရေဝင်နစ်မြုပ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၁၇) ရက် နေ့အထိ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မော်လိုက်မြို့၊ မြို့မ (၁) ရပ်ကွက်၊ မြို့မ (၂) ရပ်ကွက်နှင့် လောင်းကောင်းကျေးရွာ အုပ်စုများမှ ရေဘေးရှောင်စခန်းများတွင် ရောက်ရှိနေသော ပြောင်းရွှေ့အိမ်ထောင်စု (၁၇၆) စုမှ လူဦးရေ (၈၄၄) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၁,၇၇၂,၄၀၀) ကျပ်တို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ကျောက်မဲကြီးကျေးရွာအုပ်စု၊ ခိုးယောင်းကျေးရွာတွင် (၂၀-၈-၂၀၁၇) ရက်နေ့တွင် မိုင်းနင်းမိရာမှ ခဲသီးဖောက်ဝင် ဒဏ်ရာရှိသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်အား (၂၂-၈-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ ထောက်ပံ့ငွေပေးအပ်မှုသတင်း









