ထောက်ပံ့မှုသတင်း

22 Pic 02

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မူဆယ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လွှဲပြောင်း/လက်ခံထားသော စပါးအိတ် (၅၀၇) အိတ်အား ဆန်အဖြစ်ကြိတ်ခွဲခဲ့ရာ (၂၈၄.၅) အိတ်မှ (၁၈၉.၅) အိတ်အား ကွတ်ခိုင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်း(၁၂) ခုမှ အိမ်ထောင်စု (၈၅၄) စု လူဦးရေ (၄,၈၆၂) ဦးအတွက်(၂၂-၈-၂၀၁၇) ရက်နေ့ (၁၀:၀၀) နာရီမှ (၁၁:၀၀) နာရီထိ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး လားရှိုးခရိုင် ကယ်ဆယ်ရေးရုံးမှ ခရိုင်ဦးစီးမှူးနှင့် တိုက်ပွဲရှောင်စခန်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:           လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events