ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာနှင့် ဒွါရစုကျေးရွာများမှ ကမ်းပြိုဘေးနှင့် ရေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

22_pic01

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ််ခရိုင်၊ ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာ၌ (၁၇-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့‌သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ခဲ့သည့် နေအိမ်် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၁)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ(၇)ရက်စာ (၄၂၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ စုစုပေါင်း(၁၀၄၂၀၀) ကျပ်နှင့် ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ဒွါရစုကျေးရွာ၌ (၂၁-၈-၂၀၁၇) ရက်နေ့တွင် ရေဝင်နစ်မြုပ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးအတွက် (၂၂)မျိုးပါ Family Kits (၁) ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာ (၄၂၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ စုစုပေါင်း (၁၀၄၂၀၀) ကျပ်တို့အား (၂၂-၈-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events