ဒီမိုကရေစီကူးပြောင်းရာတွင် ဝန်ဆောင်မှုပေးသည့်ဝန်ထမ်းများနှင့် ဝန်ဆောင်မှုရယူသည့်ပြည်သူတို့ အပြန်အလှန် နားလည်မှုရှိစွာဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ‌ပြောကြား

Source:  MSWRR
နေပြည်တော်၊ ၂၂.၈.၂၀၁၇
ကျား/မတန်းတူညီမျှရေးနှင့်   အမျိုးသမီးစွမ်းပကားမြှင့်တင်ရေးအကျိုးတူ ပူးပေါင်းအဖွဲ့၏  ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးသည် နိုင်ငံတော် အတိုင်ပင်ခံဦးဆောင်ဖွဲ့စည်းခဲ့သော ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (DACU) က ချမှတ်ထားသည်‌့   လမ်းညွှန်ချက်များအရကျင်းပသည့် ပထမအကြိမ်အစည်းအဝေးဖြစ်ပါကြောင်း၊ ယခင်ကျင်းပခဲ့သောကျား/မတန်းတူညီမျှရေးနှင့် အမျိုးသမီး စွမ်းပကားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေး၊မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီအစည်းအဝေးများနှင့်ကျား/မတန်းတူညီမျှ ရေးနှင့် အမျိုးသမီးစွမ်းပကားမြှင့်တင်ရေးဆိုင်ရာမူဝါဒများ၊ လုပ်ငန်းကဏ္ဍများတွင်  အောင်မြင်မှုရအောင် ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊  ကတိက ဝတ်များ အကောင်အထည်ဖော်ရေးအတွက် မူဝါဒချမှတ်ခြင်းနှင့် နိုင်ငံတော်အဆင့် ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူပြုလျက်ရှိပါ ကြောင်း၊ ရှေ့ဆက်ဆောင်ရွက်ရမည့်အဆင့်များအနေဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ပါ ရည်မှန်းချက်များနှင့်ပတ်သက်၍ ဆွေးနွေးရန် အဆင့်မြင့်အလုပ်ရုံဆွေးနွေးပွဲကျင်းပသွားမည်ဖြစ်ကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဦးစားပေးလုပ်ငန်းများအား လုပ်ဆောင်ရန်အတွက် နည်းပညာဆိုင်ရာလုပ်ငန်းအုပ်စုများကိုဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်အတွက်ကုန်ကျစရိတ်ထည့်သွင်းထားသည်‌့ စီမံချက်များ ရေးဆွဲရမည်ဖြစ်ပါကြောင်း၊    ဝန်ကြီးဌာနအားလုံး၊   ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ အားလုံးတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ရိုင်းပင်းကူညီကြ ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းများထိရောက်လျင်မြန်ပြီး ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်းနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများအနေဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ၏ (၅) နှစ်တာ လုပ်ငန်း စီမံချက်ကိုအကောင်အထည်ဖော်မည့်နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့များ၏ လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ဆက်လက်၍နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာကွန်းဗင်းရှင်းဗဟိုဌာန (၂) တွင် (၁၁.၈.၂၀၁၇) မှ (၁၃.၈.၂၀၁၇) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ဒီမိုကရေစီကူး‌ပြောင်းမှုဖြစ်စဉ်သုံးသပ်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့မှုအပေါ် ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ကြီးရုံး နှင့်ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများအားပြန်လည်ရှင်းလင်းဝေမျှခြင်း ဆွေးနွေးပွဲကို အဆိုပါဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြားရာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ်သည် လမ်းကြောင်းပေါ်တွင်ရှိနေပြီး ရှေ့ဆက်အောင်မြင်မှုများရရှိရေး ဆင်ခြင်ဆောင်ရွက်နိုင်ရန် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ အောင်မြင်မှုရရှိရေးအတွက် အင်အားလိုအပ်ပါကြောင်း၊ ထိုအင်အားဆိုသည်မှာ ပြည်သူများပင်ဖြစ်ကြောင်း၊ သားစဉ်မြေးဆက်အောင်မြင်မှုရရှိရန် လုပ်ဆောင်ပေးရမှာဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင် ပြည်သူ‌တွေဖြစ်သည့် ဝန်ထမ်းများက အစပြုဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဝန်ဆောင်မှုပေးသောဝန်ထမ်းနှင့်ဝန်ဆောင်မှုရယူသည့် ပြည်သူ များအပြန်အလှန်နားလည်မှုရှိရှိဆောင်ရွက်ရမှာဖြစ်ကြောင်း၊နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေးဆိုင်ရာမဟာဗျူဟာကိုလည်းအချိန်ကိုက်မိတ်ဆက်ခဲ့ပြီးဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးတွင် ဝန်ထမ်းများအရည်အချင်းနှင့် ယုံကြည်မှုရှိရေးလိုအပ်ပါကြောင်း၊ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက် ခြင်းဖြင့် အသွင်ကူးပြောင်းရေးကို အမြန်ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

Sign Up

Upcoming Events