ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတ မြို့နယ်၊ အင်္ဂရမ်းအုပ်စု၊ အုတ်ရှစ်ကုန်းကျေးရွာ၌(၁-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကမ်းပြိုဘေးသင့် အိမ်ခြေ (၂၄) လုံး၊ အိမ်ထောင်စု (၂၄) စု၊ လူဦးရေ (၉၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၂၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂,၄၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၉၉,၅၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၅၉၉,၅၀၀) တို့အား (၂၂-၈-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)