Category Archives: News
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၁၇) ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူးများ စုစုပေါင်း (၃၀) ဦးအား ဦးစီးဌာနလုပ်ဆောင်ချက်များ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစနစ်၊ သဘောတရားများနှင့် DAN Mobile Application အသုံးပြု ပုံနည်းစနစ်များကို (၉:၃၀) နာရီမှ (၁၁:၀၀) နာရီအချိန်အထိ ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ကျေးရွာအုပ်စုနှင့် ကဲလင်းဆိပ်ကျေးရွာ အုပ်စုတို့၌ (၂-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေးဘေးကြောင့် အိမ်ထောင်စု (၈၈) စုမှ လူဦးရေ (၂၈၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၅၉၈,၅၀၀) ကျပ်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများမှ (၇-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ရပ်ကွက် (၂) ရပ်ကွက်နှင့် ကျေးရွာအုပ်စုတို့တွင် (၅-၉-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ရေဘေးမှ အိမ်ထောင်စု (၄၁၃) စု၊ လူဦးရေ (၁၈၁၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ စုစုပေါင်းထောက်ပံ့ငွေ (၃,၈၁၁,၅၀၀) ကျပ်အားလည်းကောင်း အနောက်ဆင်ရွာကျေးရွာအုပ်စု ကမ်းပြိုဘေးဖျက်သိမ်းနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်တို့အားလည်းကောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများမှ (၇-၉-၂၀၁၇) … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၁၇) ရက် နေ့တွင် ဘဲကြီးကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်း၌ ရွာသူ/ရွာသား (၈၆) ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်မီးသတ် ဦးစီးဌာနနှင့်ပူးပေါင်း၍ (၇-၉-၂၀၁၇) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ကျံဒိုးမြို့ အမှတ် (၃) ရပ်ကွက် ဓမ္မာရုံ၌ လူဦးရေ (၁၅၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်း စာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပြည့်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း၌ သဘာဝဘေးစီမံခန့်ခွဲမှုဘာသာရပ်အား ဆွေးနွေးပို့ချမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးထွန်းသည် ဦးစီးဌာန (ရုံးချုပ်) ၏ တာဝန်ပေးအပ်မှုအရ (၇-၉-၂၀၁၇) ရက်နေ့တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ အရာထမ်းလောင်းအခြေခံသင်တန်း ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၂) တက်ရောက်နေသော သင်တန်းသား (၁၇၄) ဦးအား သဘာဝဘေးစီမံခန့်ခွဲမှုဘာသာရပ်အား ပို့ချဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၌ (၃၁-၈-၂၀၁၇) ရက်နေ့နှင့် (၃-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၃၁) လုံး၊ အိမ်ထောင်စု (၃၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၄၁,၅၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃,၃၄၁,၅၀၀) ကျပ်အား (၇-၉-၂၀၁၇) ရက်နေ့တွင် မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး … Read more
-
ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုများကြောင် နေရပ်စွန့်ခွာလာသော ဒေသခံ တိုင်းရင်း သားများ၏ သားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ခြင်းနှင် ယာယီခိုလှုံနေသော ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်မှုသတင်း
စစ်တွေ (စက်တင်ဘာ – ၇) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ ရခိုင်ပြည်နယ်ဦးစီးမှူး ဦးကျော်မင်းနှင့် အဖွဲ့သည် (၇-၉-၂၀၁၇)ရက်နေ့တွင်ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာလာသော ဒေသခံတိုင်းရင်းသား များ ခေတ္တယာယီခိုလှုံ ရာနေရာ (၂၀) ခုတွင် နေထိုင်သူများအနက် မူလတန်းကျောင်းသား/သူ (၆၂၆) ဦး၊ အလယ်တန်း ကျောင်းသား/ သူ (၃၅၅) ဦးနှင့် အထက်တန်း ကျောင်းသား/ သူ (၁၆၂) ဦး စုစုပေါင်း … Read more
-
ရခိုင်ပြည်နယ်ကူညီထောက်ပံ့ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ
၇-၉-၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်၍ Red Cross Movement မှ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ် မောင်တောဒေသ ARSA အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘေးသင့်ပြည်သူများအား ထိရောက်မြန် ဆန်သည့် ထောက်ပံ့ကူညီမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းက အဆိုပါ ဝန်ကြီးရုံးတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက မောင်တောဒေသဖြစ်စဉ်များကြောင့် ခေတ္တနေရပ်စွန့်ခွာ ပြည်သူများ အားလုံးအတွက် ထောက်ပံ့မှုများ အမြန်ဆုံးရောက်ရှိရေးအတွက် ဆောင်ရွက် လျက်ရှိရာ အစိုးရဦးဆောင် မှုဖြင့် … Read more









