ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၁၇) ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူးများ စုစုပေါင်း (၃၀) ဦးအား ဦးစီးဌာနလုပ်ဆောင်ချက်များ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစနစ်၊ သဘောတရားများနှင့် DAN Mobile Application အသုံးပြု ပုံနည်းစနစ်များကို (၉:၃၀) နာရီမှ (၁၁:၀၀) နာရီအချိန်အထိ ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)