ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ရပ်ကွက် (၂) ရပ်ကွက်နှင့် ကျေးရွာအုပ်စုတို့တွင် (၅-၉-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ရေဘေးမှ အိမ်ထောင်စု (၄၁၃) စု၊ လူဦးရေ (၁၈၁၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ စုစုပေါင်းထောက်ပံ့ငွေ (၃,၈၁၁,၅၀၀) ကျပ်အားလည်းကောင်း အနောက်ဆင်ရွာကျေးရွာအုပ်စု ကမ်းပြိုဘေးဖျက်သိမ်းနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်တို့အားလည်းကောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများမှ (၇-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:          ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events