ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုများကြောင် နေရပ်စွန့်ခွာလာသော ဒေသခံ တိုင်းရင်း သားများ၏ သားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ခြင်းနှင် ယာယီခိုလှုံနေသော ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်မှုသတင်း

8 Pic 03 8 Pic 04 8 Pic 05

8 Pic 02

စစ်တွေ (စက်တင်ဘာ – ၇)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ ရခိုင်ပြည်နယ်ဦးစီးမှူး ဦးကျော်မင်းနှင့် အဖွဲ့သည် (၇-၉-၂၀၁၇)ရက်နေ့တွင်ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာလာသော ဒေသခံတိုင်းရင်းသား များ ခေတ္တယာယီခိုလှုံ ရာနေရာ (၂၀) ခုတွင် နေထိုင်သူများအနက် မူလတန်းကျောင်းသား/သူ (၆၂၆) ဦး၊ အလယ်တန်း ကျောင်းသား/ သူ (၃၅၅) ဦးနှင့် အထက်တန်း ကျောင်းသား/ သူ (၁၆၂) ဦး စုစုပေါင်း (၁၁၄၃) ဦး ခန့်တို့အား စစ်တွေမြို့ပေါ်ရှိ နီးစပ်ရာကျောင်းများတွင် ပညာ သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ အဆိုပါကျောင်း သား/သူများအား မူလတန်း ကျောင်းသား/သူ တစ်ဦးလျှင် (၁၀,၀၀၀) ကျပ်နှုန်း၊ အလယ်တန်းကျောင်းသား/သူ တစ်ဦးလျှင် (၁၅၀၀၀) ကျပ်နှုန်း၊ အထက်တန်း ကျောင်းသား/သူ တစ်ဦးလျှင် (၂၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ကျောင်းသား/သူ (၁၁၄၃) ဦးအတွက် အလှူရှင် များ၏ လှူဒါန်းထားသော အလှူငွေများမှ (၁၄,၈၂၅,၀၀၀) ကျပ်အားလည်းကောင်း အလိုတော်ပြည့် ဘုန်းတော်ကြီး ကျောင်းအတွင်း နေရပ်စွန့်ခွာပြည်သူများအတွက် ယာယီတည်းခိုဆောင်ဆောက်လုပ်ရန် ကျပ်သိန်း (၆၀) အားလည်းကောင်း ထောက်ပံ့လှူဒါန်းခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှလည်း ယာယီတည်းခိုဆောင် ဆောက်လုပ်ရန်အတွက် အလူဇင့် သွပ် (၅၈၀) ချပ်နှင့် တာပေါ်လင် (၆’ x ၃၀၀) (၁) လိပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events