Category Archives: News
-
မင်းပြားမြို့နယ်အတွင်း နေရပ်စွန့်ခွာလာရောက်ခိုလှုံသူများအား ထောက်ပံ့ပေးမှုသတင်း
မောင်တောခရိုင်အတွင်း အစွန်းရောက်ဘင်္ဂါလီများ၏အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွါကာ မင်းပြားမြို့နယ်ရှိ ဆွေမျိုး များ၏နေအိမ်တွင် ထပ်မံ လာရောက်ခိုလှုံနေသော အိမ်ထောင်စု(၄၉) စု စုစုပေါင်းလူဦးရေ (၁၁၈)ဦးအတွက် ဆန်ရိက္ခာ (၈) အိတ် (၁၄) ပြည် (၄) ဗူး၊ ဆီ(၂၄.၅) ပိသာ၊ ပဲ(၂၄.၅) ပိသာ၊ ဆား(၁၂.၂၅) ပိသာတို့အား (၉-၉-၂၀၁၇) ရက်နေ့တွင် မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့သို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မြောက်ဦးမြို့နယ်အတွင်း နေရပ်စွန့်ခွာလာရောက်ခိုလှုံသူများအား ထောက်ပံ့ပေးမှုသတင်း
မောင်တောခရိုင်အတွင်း အစွန်းရောက်ဘင်္ဂါလီများ၏အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာကာ မြောက်ဦးမြို့နယ် အတွင်း ခိုလှုံရာနေရာ(၈)ခုတွင် လာရောက်ခိုလှုံနေသော အိမ်ထောင်စု(၆၇) စု၊ လူဦးရေ (၂၂၁) ဦးအတွက် ဆန်ရိက္ခာ (၁၆) အိတ် (၂) ပြည် (၆) ဗူး၊ ဆီ(၃၃.၅)ပိဿာ၊ ဆား(၁၆.၇၅)ပိဿာ၊ ပဲ(၃၃.၅)ပိဿာတို့အား မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် (၉-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကော့သောင်းမြို့၊ ဆယ်မိုင်ကျေးရွာ အထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉- ၉-၂၀၁၇) ရက်နေ့တွင် ကော့သောင်းမြို့၊ ဆယ်မိုင်ကျေးရွာ အထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/သူ (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သံတွဲခရိုင်၊ မအီမြို့နယ်အတွင်း နေရပ်စွန့်ခွာလာရောက်ခိုလှုံသူများအား ထောက်ပံ့ပေးမှုသတင်း
(၁- ၉- ၂၀၁၇) ရက်နေ့နှင့် (၄- ၉- ၂၀၁၇) ရက်နေ့တို့တွင် သံတွဲခရိုင်၊ မအီမြို့ အမှတ် ( ၁)ရပ် ကွက်နှင့် ပဒါကျေးရွာများသို့ လာရောက်ခိုလှုံလျက်ရှိသည် နေရပ်စွန့်ခွါ အိမ်ထောင်စု (၉)စု လူဦးရေ (၄၂) ဦးအတွက် ကျောက်ဖြူခရိုင်ဦးစီးရုံးမှတာဝန်ရှိသူများသည် ( ၉- ၉-၂၀၁၇) ရက်နေ့၌ မအီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများထံသို့ဆန် (၃) အိတ် (၁) ပြည် (၄)ဗူး ၊ ဆီ (၄) ပိသာ (၅၀) … Read more
-
ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ကျေးရွာစုရပ်ရှိ အကြမ်းဖက်ဖြစ်စဉ်ကြောင့် ဘေးလွတ်ရာခိုလုံရေးစခန်းမှ အိမ်ထောင်စု (၈၅) စု၊ လူဦးရေ (၂၈၈) ဦးအတွက် ဆန် (၂၁) အိတ်၊ ပဲ (၄၂) ဿာ (၅၀) သား၊ ဆီ (၄၂) ပိဿာ (၅၀) သား၊ ဆား (၂၁) ပိဿာ (၂၅) ကျပ်သားတို့အား နွားရုံတောင်စုရပ်ခေါင်းနှင့် တာဝန်ရှိသူများထံသို့ ဘူးသီးတောင်ဆိပ်ကမ်း စက်လှေပေါ်တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နှင့် တောပုန်းကျေးရွာအုပ်စုတွင် (၃၁-၈-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သောကမ်းပါးပြိုမှုကြောင့် ပြောင်းရွေ့အိမ်ထောင်စု (၄) စု၊ လူဦးရေ (၂၃) ဦးအတွက် အိမ်ဆောက် ပစ္စည်းတန်ဖိုးငွေ (၄၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၄၈,၃၀၀)ကျပ်တိတိနှင့် ကဆရပစ္စည်း (၄) မျိုးတို့ကို (၉-၉-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source : ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ (၉-၉-၂၀၁၇) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ မြို့နယ် ကြက်ခြေနီရုံးတွင် လူဦးရေ (၂၀၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မိုင်ခေါင်ကျေးရွာရှိ မိုင်းထိဒဏ်ရာရသူအား ထောက်ပံ့ပေးမှု သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ (၉-၉-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မိုင်ခေါင်ကျေးရွာရှိ (၂၅-၈-၂၀၁၇)ရက်နေ့၌ မိုင်းထိဒဏ်ရာရသူတစ်ဦးအား ထောက်ပံ့ကြေးငွေ (၅၀,၀၀၀) ကို သွားရောက်ထောက်ပံ့ပေးအပ်ကြောင်း သိရှိရပါသည်။ Source : ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၁၇) ရက်နေ့တွင် ကော့သောင်းမြို့၊ မလိဝမ်းကျေးရွာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စားသုံးသူ ရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ (၉-၉-၂၀၁၇) ရက်နေ့တွင် လပွတ္တာမြို့နယ် အမတ်ကျေးရွာအုပ်စု အမတ်ကျေးရွာ အလယ်တန်းကျောင်း(ခွဲ)၌ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမ (၁၂) ဦး ကျောင်းသား/ ကျောင်းသူ (၁၆၁) ဦး စုစုပေါင်း (၁၇၃) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင် ဝေငှခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ကဆရ)









