သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စားသုံးသူ ရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ (၉-၉-၂၀၁၇) ရက်နေ့တွင် လပွတ္တာမြို့နယ် အမတ်ကျေးရွာအုပ်စု အမတ်ကျေးရွာ အလယ်တန်းကျောင်း(ခွဲ)၌ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမ (၁၂) ဦး ကျောင်းသား/ ကျောင်းသူ (၁၆၁) ဦး စုစုပေါင်း (၁၇၃) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး  အသိပညာပေးလက်ကမ်းစာစောင် ဝေငှခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events