Category Archives: News
-
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီအဖွဲ့ ကျောက်တော် ကယ်ဆယ်ရေးစုရပ်များရှိ ပြည်သူလူထုအား အားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများပေး အပ်မှုသတင်း
စစ်တွေ စက်တင်ဘာ ၁၈ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီအဖွဲ့မှ တွဲဖက် အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ အဖွဲ့ပူးတွဲဥက္ကဋ္ဌဦးညီပုနှင့် ပြည်နယ်အစိုးရ အဖွဲ့ ရုံးဧည့်ခန်းမ၌တွေ့ဆုံကာ နေရပ်ရှောင်ပြည်သူများ ပြည်လည်ထူထောင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှေ့ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးကြသည်။ ယင်းနောက် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီအဖွဲ့သည် ပူးတွဲဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်၍ စစ်တွေမြို့မှ ကျောက်တော်မြို့သို့ရောက်ရှိပြီး သာသနာ့ဗိမာန်၌ နေရပ်မှစွန့်ခွာကာ ရောက်ရှိလာသော … Read more
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဦးစီးမှူရုံးမှ တာဝန်ရှိသူ များသည် (၁၇-၉-၂၀၁၇) နေ့တွင် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ ရွှေတောင်အဆင့်မြင့် ထုံးနှင့် အိမ်သုံးကျောက်ပြားထုတ်လုပ်သော စက်ရုံသို့သွားရောက်ခဲ့ပြီး အလုပ်ရုံအတွင်း၌ မီးဘေး၊ ငလျင်ဘေးနှင့် အခြားဘေးများအတွက် အရေးပေါ်ထွက်လမ်းများ Emergency evacuation route သတ်မှတ်ထားရန်၊ အရေးပေါ်သတိပေးစနစ်ထားရှိရန် warning systemနှင့် အရေးပေါ် ဘရိတ်ကာ electric Breaker များထားရှိရန် စသည့် Business(industry) Contingency Plan ထားရှိရေးများဆွေးနွေး အကြံပေးခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများအားဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက် အထက (ခွဲ)၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၁၄-၉-၂၀၁၇) ရက်နေ့တွင် ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက် အထက (ခွဲ) ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ (၂၁၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထားဝယ်မြို့ကွန်ပျူတာတက္ကသိုလ်ခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(နည်းပြ)သင်တန်းဖွင့်လှစ်မှုသတင်း
(၁၈-၉-၂၀၁၇) ရက်နေ့တွင် ထားဝယ်မြို့ကွန်ပျူတာတက္ကသိုလ်ခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(နည်းပြ)သင်တန်းကို ဖွင့်လှစ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား/ သင်တန်းသူ (၅၀) ဦးတက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်မွမ်းမံသင်တန်း (၂/၂၀၁၇) ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၁၇) ရက်နေ့၊ နံနက် (၀၉းဝဝ) အချိန်တွင် တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်မွမ်းမံသင်တန်း (၂/၂၀၁၇) အား ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ သင်တန်းသား (၅၀) ဦးနှင့် အခမ်းအနားတက်ရောက်သူ (၇၀) ဦး စုစုပေါင်း (၁၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လယ်ဝေးမြို့နယ်အတွင်း မိုးသည်းစွာရွာသွန်း၍ သစ်ပင်ပြိုလဲမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုသတင်း
(၁၆-၉-၂၀၁၇) ရက်နေ့တွင် လယ်ဝေးမြို့နယ်၊ ပြောင်ခေါင်းကြီးကျေးရွာအုပ်စု၊ ပန်းတင်ကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး သစ်ပင်ပြိုလဲမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၁) လုံးမှ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးစုစုပေါင်း (၁၀၆၃၀၀) ကျပ်တို့ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
တပ်ကုန်းမြို့နယ်အတွင်း မိုးသည်းစွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျပိမိခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ နယ်မြေ (၉) ၌ (၁၆-၉-၂၀၁၇) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျပိမိကာ ပြိုလဲခဲ့သည့် နေအိမ် (၁) လုံးမှ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး (၂၀၄၂၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ထောင်စု (၂) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး (၂၁၈၉၀၀) ကျပ်တို့ကို (၁၇-၉-၂၀၁၇) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more
-
ရခိုင်ြပည်နယ်အကြမ်းဖက်ြဖစ်စဉ်များကြောင့် ဒေသတွင်း ဘေးဒုက္ခ ခံစားနေရသူ အားလုံးအတွက် MA-UK(Myanmar)အဖွဲ့က စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းမှုသတင်း
နေပြည်တော်၊ ၁၇-၉-၂၀၁၇ ရက်နေ့ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဥ်များကြောင့် ရခုိင်ြပည်နယ်ဒေသအတွင်း ဘေးဒုက္ခခံစားနေရသူအားလုံးအတွက် လန်ဒန်အခြေစိုက် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် MA-UK (Myanmar) အဖွဲ့က ငွေကျပ် (၇၉၀၅၀၀၀၀) တန်ဖိုးရှိ ဆန်၊ ဆီ၊ ပဲ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ လက်ဖက်ရည်ထုပ်နှင့် (၂)ယောက်အိပ်ခြင်ထောင်များကို ၁၅-၉-၂၀၁၇ ရက်နေ့တွင် လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနသို့ လာရောက် ပေးအပ်လှူဒါန်းပါသည်။ အဆိုပါ လှူဒါန်းပစ္စည်းများကို ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ … Read more









