ရခိုင်ြပည်နယ်အကြမ်းဖက်ြဖစ်စဉ်များကြောင့် ဒေသတွင်း ဘေးဒုက္ခ ခံစားနေရသူ အားလုံးအတွက်  MA-UK(Myanmar)အဖွဲ့က စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းမှုသတင်း

 

18_pic01 18_pic02

နေပြည်တော်၊ ၁၇-၉-၂၀၁၇ ရက်နေ့

ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဥ်များကြောင့် ရခုိင်ြပည်နယ်ဒေသအတွင်း ဘေးဒုက္ခခံစားနေရသူအားလုံးအတွက် လန်ဒန်အခြေစိုက် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် MA-UK  (Myanmar) အဖွဲ့က ငွေကျပ် (၇၉၀၅၀၀၀၀) တန်ဖိုးရှိ ဆန်၊ ဆီ၊ ပဲ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ လက်ဖက်ရည်ထုပ်နှင့် (၂)ယောက်အိပ်ခြင်ထောင်များကို ၁၅-၉-၂၀၁၇ ရက်နေ့တွင် လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနသို့ လာရောက် ပေးအပ်လှူဒါန်းပါသည်။

အဆိုပါ လှူဒါန်းပစ္စည်းများကို ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန အနေဖြင့် နိုင်ငံတကာက လှူဒါန်းသည့် လှူဒါန်းပစ္စည်းနှင့် လှူဒါန်းငွေများကို ရခိုင်ပြည်နယ် အကြမ်းဖက် ြဖစ်စဉ်များကြောင့် ဒေသတွင်း ဘေးဒုက္ခခံစားနေရသူ အားလုံးအတွက် လိုအပ်သော ကူညီ ထောက်ပံ့မှုများတွင် စနစ်တကျထိရောက်စွာ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events