ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဦးစီးမှူရုံးမှ တာဝန်ရှိသူ များသည် (၁၇-၉-၂၀၁၇) နေ့တွင် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ ရွှေတောင်အဆင့်မြင့် ထုံးနှင့် အိမ်သုံးကျောက်ပြားထုတ်လုပ်သော စက်ရုံသို့သွားရောက်ခဲ့ပြီး အလုပ်ရုံအတွင်း၌ မီးဘေး၊ ငလျင်ဘေးနှင့် အခြားဘေးများအတွက် အရေးပေါ်ထွက်လမ်းများ Emergency evacuation route သတ်မှတ်ထားရန်၊ အရေးပေါ်သတိပေးစနစ်ထားရှိရန် warning systemနှင့် အရေးပေါ် ဘရိတ်ကာ electric Breaker များထားရှိရန် စသည့် Business(industry) Contingency Plan ထားရှိရေးများဆွေးနွေး အကြံပေးခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများအားဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)