Category Archives: News
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်မှ ရေဘေးသင့်ပြည်သူ (၂,၄၉၉) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၅,၂၄၇,၉၀၀) ကျပ်တို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ (၂၂-၉-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး
-
တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၁၇) ရက်နေ့၊ နံနက် (၁၀းဝဝ) နာရီအချိန်တွင် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ တာဝန်ရှိသူများက မြန််မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့်သဘာဝဘေးအန္တရာယ်များအကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ဆောင်ရန်၊ ရှောင်ရန်များ၊ ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သရုပ်ပြလေ့ကျင့်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ (၅၀) ဦးရှိကြောင်း သိရှိရပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၌ (၁၁-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀) ကျပ်တို့အား (၂၂-၉-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာအုပ်စု၊ ရှောက်ပင်စုကျေးရွာ လေဘေးသင့် အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာအုပ်စု၊ ရှောက်ပင်စုကျေးရွာ၌ (၁၇-၉-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၁) လုံး (ဆုံးရှုံးမှုတန်ဖိုး ရ၀၀၀၀ကျပ်)၊ အိမ်ထောင်စု (၁) စု၊ ဘေးသင့်လူဦးရေ (၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၂၆၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၈၂၆၀၀) ကျပ်တို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကယ်ဆယ်ရေး) မှတာဝန်ရှိသူများသည် (၂၂ -၉-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း … Read more
-
လေးမျက်နှာမြို့နယ်၊ မဲဇလီအုပ်စု၊ မဲဇလီကျေးရွာ ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လေးမျက်နှာမြို့နယ်၊ မဲဇလီအုပ်စု၊ မဲဇလီကျေးရွာ၌ (၁၅-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၂၃၁၀၀) ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၂၃၁၀၀) ကျပ်တို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကယ်ဆယ်ရေး) မှတာဝန်ရှိသူများသည် (၂၂-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး … Read more
-
တောင်ကြီးမြို့နယ် ဘန့်ကွဲကျေးရွာ အထကကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၁၇) ရက်နေ့၊ ညနေ (၁၃းဝဝ) နာရီအချိန်တွင် တောင်ကြီးမြို့နယ် ဘန့်ကွဲကျေးရွာ အထကကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူ (၅၀၀) ဦးရှိပြီး အဆိုပါတက်ရောက်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ခေတ္တနေရပ်စွန့်ခွာတိုင်းရင်းသားများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း
၂၂-၉-၂၀၁၇ ၊ နေပြည်တော် ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ခေတ္တနေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အလှူငွေပေးအပ်ပွဲကို (၂၂-၉-၂၀၁၇) ရက်နေ့၊ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဌနှင့် ကောင်စီဝင်များ၊ နေပြည်တော်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဒက္ခိဏခရိုင်၊ ဥတ္တရခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လှူဒါန်းငွေ ကျပ် (၄,၀၆၀,၀၀၀) ကို နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်းကလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ … Read more
-
အလှူငွေလက်ခံရရှိမှုသတင်း
ရခိုင်ပြည်နယ် ARSA အကြမ်းဖက်မှုများကြောင့် ယာယီတိမ်းရှောင်ပြည်သူများအတွက် (၂၂-၉-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ဒေါက်တာတင်ဦး+ဇနီးကေသီမောင် သား Dr.အောင်ဖြိုးသော်၊သမီး အေးမြတ်မြတ် မိသားစုတို့မှ အလှူငွေကျပ် (၃၀၀,၀၀၀) အား လာရောက်လှူဒန်းခဲ့ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန် လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)









