လေးမျက်နှာမြို့နယ်၊ မဲဇလီအုပ်စု၊ မဲဇလီကျေးရွာ၌ (၁၅-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၂၃၁၀၀) ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၂၃၁၀၀) ကျပ်တို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကယ်ဆယ်ရေး) မှတာဝန်ရှိသူများသည် (၂၂-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)