လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာအုပ်စု၊ ရှောက်ပင်စုကျေးရွာ၌ (၁၇-၉-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၁) လုံး (ဆုံးရှုံးမှုတန်ဖိုး ရ၀၀၀၀ကျပ်)၊ အိမ်ထောင်စု (၁) စု၊ ဘေးသင့်လူဦးရေ (၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၂၆၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၈၂၆၀၀) ကျပ်တို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကယ်ဆယ်ရေး) မှတာဝန်ရှိသူများသည် (၂၂ -၉-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)