Category Archives: News
-
နန်းခဲရပ်ကွက်အတွင်းရှိ ဘိုးဘွားရိပ်သာတွင် ခြုံနွယ်ပိတ်ပေါင်းများခုတ်ထွင်ခြင်းနှင့် အမှိုက် ရှင်းလင်းခြင်းများ ဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် သထုံမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းလူငယ် (၅၀) ဦးတို့နှင့်အတူ (၂-၁၀-၂၀၁၇) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အကြို ဆောင်ရွက်မှုအဖြစ် နန်းခဲရပ်ကွက်အတွင်းရှိ ဘိုးဘွားရိပ်သာတွင် ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်းရှင်းလင်းခြင်းနှင့် အမှိုက်ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကျောက်ဖြူခရိုင်၊ ကန္ဒီးအုပ်စု၊ မင်းတက်တောင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၀-၂၀၁၇) ရက်နေ့တွင် ကျောက်ဖြူခရိုင်၊ ကန္ဒီးအုပ်စု၊ မင်းတက်တောင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါဆွေးနွေးပွဲ၌ တာဝန်ရှိသူများက ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီးပြန်လည်ထူထောင်ရေးကိစ္စများအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များ ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်၊၊ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၆၅) ဦးခန့် ရှိပါကြောင်း သိရှိရပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
စစ်တွေမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများသို့ ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဝန်ထမ်းများသည် (၂-၁၀-၂၀၁၇) ရက်နေ့တွင် ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုကြောင့် စစ်တွေမြို့ပေါ်ရှိ မဟာဇေယျသိဒ္ဓိပဌာန်းကျောင်းတိုက်၊ ပြည်ကြီးမဏ္ဏိုင်ကျာင်းတိုက်နှင့် ဝိသုဒ္ဒါရာမကျောင်းတိုက်သို့ ယာယီခေတ္တလာရောက်ခိုလှုံနေသော တိုင်းရင်းသားပြည်သူများကို လိုအပ်သောကူညီ စောင့်ရှောက် မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် သွားရောက်တွေ့ဆုံပြီး အားပေးနှစ်သိမ့်စကားများပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။
-
၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပ
၁-၁၀-၂၀၁၇၊ နေပြည်တော် ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပသည်။ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဘိုးဘွားတို့၏ လူမှုဘဝအား အထောက်အပံ့ဖြစ်စေရန်နှင့် ၎င်းတို့ အတွက် သေချာသော မျှော်မှန်းဝင်ငွေပုံမှန်ရရှိစေရန် ရည်ရွယ်၍ တစ်လလျှင် တစ်သောင်းကျပ်နှုန်း ဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အသက် ၉၀ နှစ်နှင့် အထက်ဘိုးဘွားများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်ကစပြီး … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သိန္နီမြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းတွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း ကို (၂၈-၉-၂၀၁၇) ရက်နေ့မှ (၃၀-၉-၂၀၁၇) ရက်အထိ သင်တန်းသား/သင်တန်းသူ (၃၅) ဦးဖြင့် ဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ပဲနို့အာဟာရတိုက်ကျွေးခြင်းနှင့်စပ်လျဉ်းပြီး သုတေသနလုပ်ငန်းတစ်ရပ် ဆောင်ရွက်သွားမည်ဖြစ်
၃၀.၉.၂၀၁၇၊ ရန်ကုန် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မူလတန်းကြိုကျောင်းများတွင် ပဲနို့အာဟာရတိုက်ကျွေးနိုင်ရေးအတွက် ပဲနို့စက် (၁၁) လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ (၁)လစာ ကုန်ကြမ်းပစ္စည်းများကို ရွှေပါရမီပဲနို့ အာဟာရဖောင်ဒေးရှင်း ဥက္ကဌက ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ပဲနို့စက်များ အသုံးပြုပုံ နည်းပညာနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ သင်တန်းကျောင်းနှင့် မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့ရှိ ဖောင်ဒေးရှင်းရုံးခွဲများ၌ သင်တန်းများပို့ချပေးသွားမည်ဖြစ်ပြီး အဆိုပါဖောင်ဒေးရှင်းသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ ပဲနို့အာဟာရတိုက်ကျွေးခြင်းကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မူလတန်းကြိုကျောင်းများ၊ အခြေခံပညာကျောင်းများ၊ … Read more
-
ဒေသခံတိုင်းရင်းသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် အလှူငွေများ လာရောက်ပေးအပ်မှုသတင်း
၃၀-၉-၂၀၁၇၊ ရန်ကုန် ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ခေတ္တ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကို (၃၀-၉-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ရာ ရန်ကုန်မြို့၊ ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်က လှူဒါန်းငွေကျပ် (၆၃) သိန်းကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးနှင့်အဖွဲ့က လှူဒါန်းငွေကျပ် (၃) သိန်းကိုလည်းကောင်း တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
-
စစ်တွေမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများမှ ပြည်သူများကို အားပေးနှစ်သိမ့်ဆွေးနွေးမှုသတင်း
(၁-၁၀-၂၀၁၇) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဆောင်သောအဖွဲ့ဝင်များသည် စစ်တွေမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများဖြစ်သော ဘုရားလေးဆူဘုန်းတော်ကြီးကျောင်းနှင့် ဒက္ခိဏရာမဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ခဲ့ပြီး ပြည်သူများနှင့်တွေ့ဆုံ၍ ကယ်ဆယ်ရေးစခန်းတွင် နေထိုင်မှု၊ အစားအသောက်၊ ကျန်းမာရေးနှင့် ပညာသင်ကြားနေမှုများကို မေးမြန်းဆွေနွေးပြီး ကလေးငယ်များနှင့်ဆော့ကစားခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။









