လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဝန်ထမ်းများသည် (၂-၁၀-၂၀၁၇) ရက်နေ့တွင် ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုကြောင့် စစ်တွေမြို့ပေါ်ရှိ မဟာဇေယျသိဒ္ဓိပဌာန်းကျောင်းတိုက်၊ ပြည်ကြီးမဏ္ဏိုင်ကျာင်းတိုက်နှင့် ဝိသုဒ္ဒါရာမကျောင်းတိုက်သို့ ယာယီခေတ္တလာရောက်ခိုလှုံနေသော တိုင်းရင်းသားပြည်သူများကို လိုအပ်သောကူညီ စောင့်ရှောက် မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် သွားရောက်တွေ့ဆုံပြီး အားပေးနှစ်သိမ့်စကားများပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။