ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် သထုံမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းလူငယ် (၅၀) ဦးတို့နှင့်အတူ (၂-၁၀-၂၀၁၇) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အကြို ဆောင်ရွက်မှုအဖြစ် နန်းခဲရပ်ကွက်အတွင်းရှိ ဘိုးဘွားရိပ်သာတွင် ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်းရှင်းလင်းခြင်းနှင့် အမှိုက်ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)