Category Archives: News
-
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်း စီမံချက် (၂၀၁၇) အတည်ပြု မိတ်ဆက်ပွဲ အခမ်းအနားသို့တက်ရောက် မိန့်ခွန်း ပြောကြားမှုသတင်း
နေပြည်တော် အောက်တိုဘာ ၉ မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်း စီမံချက် (၂၀၁၇) အတည်ပြု မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် မိန့်ခွန်း ပြောကြားသည်။ အခမ်းအနားတွင် ဒုတိယသမ္မတက မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းစီမံချက် (MAPDRR) (၂၀၁၇) တွင် ပါဝင်သည့် အကြောင်းအရာများကို မဆွေးနွေးမီ မျက်မှောက် … Read more
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး လာရောက်တွေ့ဆုံမှုသတင်း
၉-၁၀-၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E. Ms. Tone Tinnes က အဆိုပါဝန်ကြီးရုံး မေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ နော်ဝေနိုင်ငံသံအမတ်ကြီး H.E.Ms. Tone Tinnes နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာကူညီမှုလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှ ဆောင်ရွက် နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်များအား အကောင် အထည်ဖေါ်ရေးတွင် နော်ဝေနိုင်ငံမှအကူအညီပေးလိုမှုနှင့် အကြံပြုချက်များအား ရေရှည်အကောင် အထည်ဖေါ်ဆောင်ရွက်ရာတွင် နိုင်ငံတကာအသိုက်အဝိုင်းမှ ပူးပေါင်းပါဝင်လိုမှု၊ ရခိုင်ဒေသရှိ ပြည်သူ များ၏ … Read more
-
ဇေယျဝတီကျောင်းတိုက်နှင့် သာသနာ့ရောင်ခြည်ကျောင်းတိုက် ကယ်ဆယ်ရေးစခန်းများသို့ ကွင်းဆင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာနမှ ဝန်ထမ်းများသည် (၉-၁၀-၂၀၁၇) ရက်နေ့တွင် ARSA အစွန်းရောက် အကြမ်းဖက် သမားများ၏ အကြမ်းဖက်မှုကြောင့် စစ်တွေမြို့ပေါ်ရှိ ဇေယျဝတီကျောင်းတိုက်နှင့် သာသနာ့ရောင်ခြည် ကျောင်းတိုက်၊ ကယ်ဆယ်ရေးစခန်းများရှိ တိမ်းရှောင်ပြည်သူများအား လိုအပ်သောကူညီစောင့်ရှောက်မှုများ ပေးနိုင်ရေးအတွက် သွားရောက်တွေ့ဆုံပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ၎င်းတို့၏ စိတ်ခံစား ချက်များကို နှစ်သိမ့်ဆွေးနွေး အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးစီမံခန့်ခွဲမှုဘာသာရပ်များ သင်ကြားပို့ချမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Freda အဖွဲ့နှင့် ပူးပေါင်း၍ Freda အဖွဲ့မှ လှူဒါန်းထားသည့် ဖျာပုံမြို့နယ်ခွဲ အမာမြို့၊ ခါချဉ်ကျေးရွာအုပ်စု၊ ခါချဉ်ကျေးရွာရှိ School Cum Shelter တွင် (၅-၁၀-၂၀၁၇) ရက်နေ့မှ (၁၀-၁၀-၂၀၁၇) ရက်နေ့အထိ ဖွင့်လှစ်မည့် သဘာဝဘေးလျှော့ချရေးနှင့် ပတ်သက်သည့် ပညာရပ်များဆိုင်ရာသင်တန်းတွင် ဖျာပုံခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများမှ (၈-၁၀-၂၀၁၇) ရက်နေ့မှ (၁၀-၁၀-၂၀၁၇) ရက်နေ့အထိ သဘာဝဘေးစီမံခန့်ခွဲမှုဘာသာရပ်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါ သည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ပြည်သူလူထု ပူးပေါင်းပါဝင်သော သဘာဝဘေးအန္တရာယ်လျော့ချရေးသင်တန်း ဖွင့်လှစ်မှုသတင်း
(၅.၁၀.၂၀၁၇) ရက်နေ့နှင့် (၆.၁၀.၂၀၁၇) ရက်နေ့တို့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒေးဒရဲမြို့နယ်၊ တိုးစံပြကျေးရွာအုပ်စုရှိ ကျေးရွာ (၅) ရွာမှ လူငယ် (၂၅) ဦး တို့အား (Freda) အဖွ့ဲနှင့် ပူးပေါင်း၍ သဘာဝဘေးစီမံခန့်ခွဲမှုဘာသာရပ်အား သင်ကြားပို့ချခဲ့ပြီး မုန်တိုင်းဘေးဇာတ်တိုက်လေ့ကျင့်ခြင်း၊ လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ေ၀ ခြင်း၊ DAN mobile application ကို တယ်လီဖုန်းများတွင်ထည့်သွင်းပေးပြီး အသုံးပြုပုံများပြသခြင်းများကို ပြုလုပ်ဆောက်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ တိုးစံပြကျေးရွာအုပ်စုသည် ပင်လယ်ဝတွင်တည်ရှိနေသောကျေးရွာများဖြစ်ပြီး ဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်လွယ်သော ကျေးရွာအုပ်စုအဆင့်တွင် ပါဝင်နေကြောင်း သတင်းရရှိပါသည်။
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၁၀.၂၀၁၇) ရက်နေ့ အောင်မြေသာစံမြို့နယ်၌ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ပြည်သူ (၄၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာအတွက် ငွေကျပ် (၉၀၃၀၀ိ/-) တိတိ၊ လုံးဝပျက်စီးအိမ်ထောင်စု (၉) စု အတွက် (၁၇) မျိူးပါ ကယ်ဆယ်ရေးပစ္စည်း (၉) အိမ်ထောင်စာ၊ တစိတ်တပိုင်းပျက်စီး (၁) အိမ်ထောင်စုအတွက် (၁၀) မျိူးပါ ကယ်ဆယ်ရေးပစ္စည်း (၁) အိမ်ထောင်စာ၊ (၂၄)ဘူးပါ ရေသန့်ကဒ် (၉) ကဒ်၊ ရေသန့်ဆေးထုတ် (၂၄၀) ထုပ်၊ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၅.၁၀.၂၀၁၇) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ဝင်တဲကူးအုပ်စု၊ သစ်တောရွာ၊ လေဘေး အမိုးလန်အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ် နှင့် ဆန်ရိက္ခာဖိုး (၈၄၀၀) ကျပ်၊ စုစုပေါင်း (၁၀၈၄၀၀) ကျပ်တိတိ အား (၆.၁၀.၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
(၆၈)ကြိမ်မြောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏အမှုဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်မှုသတင်း
(၆၈)ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏အမှုဆောင်ကော်မတီအစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့မှ (၆) ရက်အထိကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ (၂) ရက်နေ့ နံနက် (၁၀) နာရီတွင် စတင်ကျင်းပခဲ့ပြီး အဆိုပါအမှုဆောင်အဖွဲ့ အစည်းအဝေး၏ သဘာပတိအဖြစ် ကနေဒါနိုင်ငံ၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် Ms. RosemaryMcCarney မှ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. FilippoGrandi မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။ … Read more









