၉-၁၀-၂၀၁၇၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E. Ms. Tone Tinnes က အဆိုပါဝန်ကြီးရုံး မေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ နော်ဝေနိုင်ငံသံအမတ်ကြီး H.E.Ms. Tone Tinnes နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာကူညီမှုလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှ ဆောင်ရွက် နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်များအား အကောင် အထည်ဖေါ်ရေးတွင် နော်ဝေနိုင်ငံမှအကူအညီပေးလိုမှုနှင့် အကြံပြုချက်များအား ရေရှည်အကောင် အထည်ဖေါ်ဆောင်ရွက်ရာတွင် နိုင်ငံတကာအသိုက်အဝိုင်းမှ ပူးပေါင်းပါဝင်လိုမှု၊ ရခိုင်ဒေသရှိ ပြည်သူ များ၏ လုံခြုံရေးနှင့်အကာအကွယ်ပေးရန်လိုအပ်မှုအခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လည် ရောက်ရှိလာမည့် ဒုက္ခသည်များဘေးကင်းလုံခြုံစွာ ပြန်လည်လက်ခံရေးတွင် နော်ဝေနိုင်ငံမှ အကူ အညီပေးရေးကိစ္စရပ်များ၊နိုင်ငံတကာအသိုက်အဝန်းမှလူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူများအားခွင့်ပြုရန်ကိစ္စများ၊ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးနှင့်လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်စေရေးကိစ္စရပ်များ၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများအားဥပဒေနှင့်အညီဆောင်ရွက်သွားမည့်ကိစ္စများ၊ သက်မွေး ဝမ်းကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတိုးတက်အောင် ဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်များတွင် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဆက်လက်ကူညီနိုင်ရေးကိစ္စများဆွေးနွေးခဲ့ကြပါသည်။