Category Archives: News
-
ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာအုပ်စု၊ လက်ပံခုံကျေးရွာ၊ မိုးပျံဓမ္မာရုံ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာအုပ်စု၊ လက်ပံခုံကျေးရွာ၊ မိုးပျံဓမ္မာရုံ၌ (၂၉-၁၀-၂၀၁၇) ရက်နေ့၊ နံနက်(၀၉းဝဝ) နာရီအချိန်တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ လူဦးရေ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
UEHRD စီမံကိန်းလုပ်ဆောင်ချက်များကို ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ကြောင်းနှင့် လူမှုအဖွဲ့အစည်းများ၏ ကဏ္ဍကလည်း အရေးပါကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား
၂၈.၁၀.၂၀၁၇၊ စစ်တွေ UEHRD စီမံကိန်းနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမတွင် ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများ၊ လူငယ်များ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် ၂၈-၁၀-၂၀၁၇ ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက UEHRD ၏ အကောင်အထည်ဖော်မှုလုပ်ငန်းများတွင် ရခိုင်ပြည်သူပြည်သားများအနေဖြင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပါကြောင်း၊ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရာတွင်လည်း ပြည်သူများ အမှန် တကယ် အကျိုးရှိပြီး လက်ရှိအခြေအနေနှင့်ကိုက်ညီမှုရှိသော လုပ်ငန်းများကို ဦးစားပေးဆောင် ရွက်မည်ဖြစ်ကြောင်း၊ ယခုတက်ရောက်လာသူများတွင် … Read more
-
UEHRD စီမံကိန်း၏လုပ်ငန်းတစ်ရပ်ဖြစ်သော ဒေသဖွံ့ဖြိုးရေးကို ရခိုင်ပြည်နယ်အစိုးရနှင့်အတူ ဆက်လက်ဆောင်ရွက်လျက်ရှိ
၂၉-၁၀-၂၀၁၇၊ စစ်တွေ ရခိုင်ပြည်နယ်အတွင်း UEHRD လုပ်ငန်းများကိုဆောင်ရွက်ရာတွင် ဘက်ပေါင်းစုံမှ ပူးပေါင်း ပါ၀င်နိုင်ပြီး အားလုံးပါ၀င်သော အင်အားတစ်ရပ်ဖြင့် အကောင်အထည်ဖော်နိုင်ရေးကို စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း UEHRD ၏ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်ဆောင်ရာတွင် ပြည်တွင်းရှိသောအင်အားကို အဓိကထားပြီး မူလအခြေအနေများထက် ပိုမိုကောင်းမွန်သော အခြေအနေတစ်ရပ်ကို ပြန်လည်ပြင်ဆင်ဆောင်ရွက်နေကြကြောင်း၊ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစ်ပြိုင်နက်တည်းဆောင်ရွက်နေကြောင်းဖြင့် (၂၉-၁၀-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက စစ်တွေမြို့၊ ပြည်နယ်အစိုးရရိပ်သာအစည်းအဝေးခန်းမတွင် ကျင်းပသော ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ … Read more
-
မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်ခြင်းအားပူးပေါင်းဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၁၀-၂၀၁၇) ရက်နေ့ (၀၈:၀၀) အချိန်တွင် သထုံမြို့၊ သုဝဏ္ဏစျေးကြီး၌ သထုံခရိုင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌများမှဦးဆောင်၍ သထုံ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ပြန်ကြား ရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စျေးသာယာရေးအဖွဲ့၊ စျေးသီးသန့်မီးသတ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မီးငြိမ်းသတ်ယာဉ် (၄) စီးဖြင့် သင့် (၄) သင့် ဖြစ်စေရေးမီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအားပူးပေါင်းဆောင်ရွက်ခဲ့ပြီး သထုံမြို့ပေါ်ရှိ စျေးများတွင် မီးဘေးရှောင်ရန်/ဆောင်ရန်ပိုစတာများထားရှိနိုင်ရန် ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဖျာပုံမြို့၊ တယ်ပင်ဆိပ်အုပ်စု၊ ဖိုးဦးစံကျေးရွာတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်း ကျင်းပပြုလုပ်မှုသတင်း
ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် ဖျာပုံမြို့၊ တယ်ပင်ဆိပ်အုပ်စု၊ ဖိုးဦးစံကျေးရွာတွင် Freda နှင့် ပူးပေါင်း၍ Freda မှတည်ဆောက်ထားသည့် school cum shelter ၌ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကို (၂၇-၁၀-၁၇) ရက်နေ့မှ (၂၉-၁၀-၁၇) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ ကျေးရွာ (၅) ရွာမှ သင်တန်းသား (၂၀) ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းနောက်ဆုံးနေ့တွင် ရပ်ရွာမြေပုံရေးဆွဲခြင်း၊ မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခြင်း၊ လက်ကမ်းစာစောင်၊ နံရံကပ်ပိုစတာ များဖြန့်ဝေခြင်းများပြုလုပ်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more
-
UEHRD လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ရန်အတွက် ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ကွင်းဆင်းကြည့်ရှုမှု သတင်း
၂၈.၁၀.၂၀၁၇၊ ရခိုင် ရခို်င်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)၏ ရှေ့ပြေးလုပ်ငန်းများကို ဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်နှင့် UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်တို့ ပါဝင်သောအဖွဲ့သည် ယနေ့ နေ့လယ်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာသို့ ရောက်ရှိကြပြီး ကျေးရွာရှိ ရခိုင်တိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင် များ လတ်တလောအသုံးပြုရန်အတွက် အာဆီယံ … Read more
-
UEHRD စီမံကိန်းတွင် လူငယ်များလည်း ပူးပေါင်းပါဝင်လျက်ရှိပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ အတွက် သင်တန်းများ ဖွင့်လှစ်ပို့ချရန် စီစဉ်လျက်ရှိမှုသတင်း
၂၈.၁၀.၂၀၁၇၊ ရန်ကုန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သော စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်း ဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဘိုးဘွားများအား နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ပြီး သင်တန်းဆင်းပွဲအမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ယခုအခါ နိုင်ငံအတွင်း မှုခင်းများပေါ်ပေါက်ခြင်း၊ ပဋိပက္ခများ ဖြစ်ပွားခြင်းများရှိရာ ၄င်းတို့၏ အခြေခံအကြောင်းများတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် တရားမဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်ဖောက်ကားခြင်းသည် အကြောင်းရင်းတစ်ရပ် ဖြစ်ပါကြောင်း၊ … Read more
-
မြိတ်မြို့နယ်အတွင်း သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောမှုသတင်း
(၂၆-၁၀-၂၀၁၇) ရက်နေ့ နံနက် (၁၀) နာရီချိန်တွင်နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ မြိတ်ခရိုင် မြိတ်မြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးသင်တန်းကျောင်း၌ဖွင့်လှစ်သည့် အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၄၇)နှင့် အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ် (၇၆) ဖွင့်ပွဲအခမ်းအနားတွင် သဘာဝဘေးအသိပညာပေး ရှောင်ရန်/ဆောင်ရန်များအား မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တောင်ကြီးမြို့မီးဘေးသင့်ပြည်သူများတောင်ကြီးမြို့မီးဘေးသင့်ပြည်သူများအတွက် အိမ်ဆောင်ပစ္စည်းဖိုး ထောက်ပံ့ပေးမှုသတင်းတွက် အိမ်ဆောင်ပစ္စည်းဖိုး ထောက်ပံ့ပေးမှုသတင်း
(၂၃-၁၀-၂၀၁၇) ရက်နေ့ ၌ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက် နယ်မြေ(၂) အိမ်အမှတ်(၂၅၁/၂) တွင် ဖြစ်ပွားခဲ့သောမီးဘေးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ် အား (၂၇-၁၀-၂၀၁၇ ) ရက်နေ့တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း နေရပ်စွန့်ခွာသူများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုများဆက်လက်ဆောင်ရွက်မှုအခြေအနေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ရခိုင်ပြည် နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာသူများနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီလိုအပ်သူများအား ထောက်ပံ့ကူညီမှုများ ဆက်လက်ဆောင်ရွက် လျက်ရှိရာ မောင်တောမြို့နယ်၊ ရေနောက်ငါးသားကျေးရွာရှိ မြိုတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူ(၂၄၃) ဦးအတွက် မဝတ်လုံချည်(၂၀၀)ထည်၊ တီရှပ်(၂၀၀)ထည်နှင့် ခြင်ထောင် (၁၅၀) လုံးတို့ကို(၂၄-၁၀-၂၀၁၇)နေ့တွင် ထောက်ပံ့ပေးခဲ့ပါသည်။ အလားတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင် များသည် မောင်တောမြို့နယ်၊ အလယ်သံကျော်ကျေးရွာ ပင်လယ်ကမ်းစပ်တွင် ယာယီနေထိုင် လျှက်ရှိသည့် ညောင်ချောင်းကျေးရွာ၊ သိန်းတောင်ပြင်၊ အာဂါတောင်၊ … Read more









