Category Archives: News
-
မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပါလှဲ့ကုန်းကျေးရွာ၌ (၂၇-၁၀-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၁) လုံး အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ ၂ ဦးအတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၄၂၀၀) ကျပ် စုစုပေါင်းရန်ပုံငွေ (၁၀၄,၂၀၀) ကျပ်တိတိအားလည်းကောင်း၊ ရေလဲကျေးရွာ၌ (၂၉-၁၀-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် … Read more
-
သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ စပါယ်မြောင်ကျေးရွာအုပ်စု၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၀-၂၀၁၇) ရက်နေ့တွင် သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ စပါယ်မြောင်ကျေးရွာအုပ်စု၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ သဘာဝဘေးအန္တရာယ်နှင့်ပက်သက်သည့် ကြိုတင်ပြင်ဆင်မှုများ၊ ဆောင်ရန် ရှောင်ရန်များအား ဆွေးနွေးဟောပြောပြီး တက်ရောက်လာသည့် ကျေးရွာသူ/သားများနှင့် ကျောင်းသား/သူ (၂၅၀) ဦးထံ လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၂၉-၁၀-၂၀၁၇) ရက်နေ့၊ ညပိုင်းတွင် တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၌ မီးလောင်မှုကြောင့် ဘေးဒုက္ခကြုံတွေ့ခဲ့ရသော အိမ်ခြေ ၆ လုံး အိမ်ထောင်စု ၄ စု လူဦးရေ ၁၅ ဦး သေဆုံးသူ ၁ ဦးနှင့် ဒဏ်ရာရရှိသူ ၃ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း ၂၂ မျိုးအိမ်ထောင်စု ၄ စုစာ၊ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေကျပ် (၁၁)သိန်း၊ နာရေးထောက်ပံ့ငွေကျပ် (၃) သိန်း၊ ဒဏ်ရာရထောက်ပံ့ငွေ (၁) သိန်းခွဲ၊ ဆန်ဘိုးထောက်ပံ့ငွေ (၃၁၅၀၀) ကျပ်၊ စုစုပေါင်း (၁၅၈၁၅၀၀) … Read more
-
ဘေးအန္တရာယ်များကိုကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူမှုအသိုက်အဝန်း ဖြစ်ပေါ်လာစေရေး မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား
၃၀-၁၀-၂၀၁၇၊ နေပြည်တော် မြန်မာသဘာဝဘေးစီမံခန့်ခွဲမှုစွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရေးပူးပေါင်းအဖွဲ့ (Myanmar Consortium for Capacity Development on Disaster Management-MCCDDM) ၏ လုပ်ငန်းဆောင်ရွက်မှု ပြီးမြောက်ခြင်းအခမ်းအနားကို (၃၀-၁၀-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်ဟိုတယ်ဇုံရှိ Horizon Lake View Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးနှင့်ပတ်သက်ပြီး ပိုမို ကောင်းမွန်သော အုပ်ချုပ်မှုစနစ်တခု ဖြစ်ပေါ်လာစေရေး မူဝါဒချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်လျက် … Read more
-
ဘားအံမြို့နယ် နည်းပညာအထက်တန်းကျောင်း၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲအား (၃၀-၁၀-၂၀၁၇)ရက်နေ့တွင် ဘားအံမြို့နယ် နည်းပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၀၀) ဦးတက်ရောက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များအား ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဖျာပုံခရိုင်သဘာဝဘေးလျော့ပါးရေးစီမံချက်လုပ်ငန်းဆိုင်ရာ အချက်အလက်များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
ဖျာပုံခရိုင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် Actionaid myanmar တို့ပူးပေါင်းဆောင်ရွက်ခဲ့သော ဖျာပုံခရိုင်သဘာဝဘေးလျော့ပါးရေးစီမံချက်လုပ်ငန်းများ ဆောင်ရွက်အပြီး သက်ဆိုင်ရာဌာနများသို့ လုပ်ငန်းဆိုင်ရာအချက်အလက်များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို (၃၀-၁၀-၂၀၁၇) ရက်နေ့၊ (၁၀းဝဝ ~ ၁၂းဝဝ) နာရီအချိန်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လွှဲပြောင်းပေးအပ်မည့်ဌာနများမှ ဌာနကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူ စုစုပေါင်း (၄၅) ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပခုက္ကူမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲအား (၃၀-၁၀-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသား၊ ကျောင်းသူများအား လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာဖြန့်ဝေပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ခွါးပီးကျေးရွာတွင် ၂၉-၁၀-၂၀၁၇ ရက်နေ့ (၁၂း၃ဝ)နာရီ မှ (၁၅းဝဝ)နာရီအထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၉၀) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဘေးအန္တရာယ်နှင့် စပ်လျဉ်း သည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပြီး မုန်းလက်ဖက်ရည်ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။ ၎င်းအပြင် ကျေးရွာရှိ လမ်းဆုံလမ်းခွ အိမ်များတွင် အသိပညာပေး ပိုစတာများ ကပ်ခဲ့ပြီး ထဒင်လိုပါးကျေးရွာတွင်လည်း (၁၆း၃၀)နာရီမှ (၁၈းဝဝ)နာရီအထိ ဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် … Read more
-
ဖြူးမြို့နယ်၊ ဘန်းလောင်ကျေးရွာအုပ်စု၊ လက်ပံတန်းကျေးရွာ ဓမ္မာရုံ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဘန်းလောင်ကျေးရွာအုပ်စု၊ လက်ပံတန်းကျေးရွာ ဓမ္မာရုံ၌ (၂၉-၁၀-၂၀၁၇) ရက်နေ့၊ နေ့လည် (၁၃း၃၀) နာရီအချိန်တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ရပ်ရွာလူထု (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာအုပ်စု၊ လက်ပံခုံကျေးရွာ၊ မိုးပျံဓမ္မာရုံ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာအုပ်စု၊ လက်ပံခုံကျေးရွာ၊ မိုးပျံဓမ္မာရုံ၌ (၂၉-၁၀-၂၀၁၇) ရက်နေ့၊ နံနက်(၀၉းဝဝ) နာရီအချိန်တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ လူဦးရေ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)









