သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

30_Pic_02

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ခွါးပီးကျေးရွာတွင် ၂၉-၁၀-၂၀၁၇ ရက်နေ့ (၁၂း၃ဝ)နာရီ မှ (၁၅းဝဝ)နာရီအထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၉၀) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဘေးအန္တရာယ်နှင့် စပ်လျဉ်း သည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပြီး မုန်းလက်ဖက်ရည်ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။ ၎င်းအပြင် ကျေးရွာရှိ လမ်းဆုံလမ်းခွ အိမ်များတွင် အသိပညာပေး ပိုစတာများ ကပ်ခဲ့ပြီး ထဒင်လိုပါးကျေးရွာတွင်လည်း (၁၆း၃၀)နာရီမှ (၁၈းဝဝ)နာရီအထိ ဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် အကြောင်းအရာများအား ပြန်လည်ဟောပြောခဲ့ရာ လူဦးရေ (၆၃) ဦးတက်ရောက်ခဲ့ကာ တက်ရောက်လာသူများအား လက်ကမ်းစာများဖြန့်ဝေပေးခဲ့ပြီး မုန့်နှင့်လက်ဖက်ရည်ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။ ထို့အပြင် အသိပညာပေးပိုစတာများအား ရွာအတွင်း အများပြည်သူမြင်သာသည့်နေရာတွင် ကပ်ထားရန် ရွာတာဝန်ခံအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  ချင်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events