Category Archives: News
-
ဗန်းမော်ခရိုင် မံစီမြို့နယ်၊ မံခံရေးခူးကျေးရွာ၌ တန်ဖိုးနည်းအိမ်ရာများသို့ ပြောင်းရွှေ့ခဲ့သည့် IDP မိသားစုများအား ထောက်ပံ့မှုသတင်း
================================================= Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးနှင့် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၏ ဗန်းမော်ခရိုင် မံစီမြို့နယ်၊ မံခံရေးခူးကျေးရွာ၌ IDP မိသားစုများအား တန်ဖိုးနည်းအိမ်ရာများသို့ ပြောင်းရွှေ့နိုင်ရေးထောက်ပံ့မှုခရီးစဉ်အတွင်း ပြောင်းရွှေ့အိမ်ထောင်စု (၁၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိူးစီနှင့် လူဦးရေ (၈၄) ဦးအတွက်(၇)ရက်စာဆန်ဘိုးငွေ (၁၇၆၄၀၀) ကျပ်တိတိကို သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား အင်ဒိုနီးရှားသမ္မတနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ H . E. Ms. Retno L.P Marsudi မှ လာရောက်တွေ့ဆုံ၍ UEHRD လုပ်ငန်းများတွင် ပါ၀င်ဆောင်ရွက်နိုင်ရေးဆွေးနွေး
================================================= ၁၉.၁၁.၂၀၁၇၊ နေပြည်တော် ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အင်ဒိုနီးရှားသမ္မတနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ H.E. Ms. Retno L.P Marsudi က (၁၉-၁၁-၂၀၁၇) ရက်နေ့၊ ညနေပိုင်းတွင် အဆိုပါ၀န်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီတို့၏ လုပ်ငန်းရပ်များနှင့်ပတ်သက်၍သိလိုပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ညီအကိုမောင်နှစ်မ နိုင်ငံများဖြစ်သည့်အတွက် ပူးပေါင်း ဆောင်ရွက်လိုပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၁၇) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ မွန်ကာကျောင်းကျေးရွာအုပ်စု၊ ပါလောင်း ကျေးရွာမှ ပြည်သူလူထု (၁၂၀) ဦးအား သဘာဝဘေးနှင့်ပတ်သက်သည့် သိကောင်းစရာများအား ရှင်းလင်း ပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်းများဖြန့်ဝေပေးခြင်းနှင့် ထောက်ပံ့မှုနှုန်းထား များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၁၇) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် လွိုင်မွေမြို့နယ်၊ တိုင်းရင်းသားလူငယ်သင်တန်းကျောင်း၌ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များအကြောင်းရှင်းလင်းပြောကြားခြင်း၊ သဘာဝ ဘေးများဖြစ်ပေါ်လာပါက ဆောင်ရန်/ရှောင်ရန်များအားရှင်းလင်းပြောကြားခြင်း၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန် များ၊ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး သရုပ်ပြလေ့ကျင့်ခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်ဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဝါးခယ်မမြို့နယ်တွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၁၈.၁၁.၂၀၁၇) ရက်နေ့၌ မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်၊ မရမ်းချောင်းကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ပြည်သူလူထု (၁၅၀) ဦးတို့ တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ပိုစတာများဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မြောင်မြခရို်င်ဦးစီးမှူးရုံး (ကဆရ)
-
မူးယစ်ဆေးဖြတ်ပြီးသူများအတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းကို အလေးထားပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှာကြား
၁၈.၁၁.၂၀၁၇၊ ရန်ကုန် မူးယစ်ဆေးဖြတ်ပြီးသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ရွှေတောင်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းက ဆောက်လုပ်လှူဒါန်းသော (၇၂ပေx ၃၀ပေ) ရှိ RC (၁)ထပ် အဆောက်အဦအသစ်နှင့် (၁၀၀ပေ x ၂၀ပေ)ရှိ ပြုပြင်သည့် အဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက အမှတ်(၆၄)၊ ကမ္ဘာအေးဘုရား လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ်ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက မူးယစ်ဆေးဝါးပပျောက်ရေးသည် အရေးကြီးပြီး အစိုးရအနေ ဖြင့်မူဝါဒ၊ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် … Read more
-
ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဘေးသင့်ပြည်သူများအား ခရီးစရိတ်ထောက်ပံ့ပေးမှုသတင်း
ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ) မှတာဝန်ရှိသူများသည် (၁၈- ၁၁ -၂၀၁၇) ရက်နေ့တွင် ရေမျှော (၃) ဦးအား ကြိုဆိုလက်ခံပြီး ခရီးစရိတ် (၄၀၅၀၀)၊ ကျားလုံချည်နှင့် တီရှပ် (၁) ထည်စီအား ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါ သည်။ Source : ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၁၇) ရက်နေ့တွင် ဗန်းမော်မြို့၊ IDP စခန်းမှ လူဦးရေ (၁၃၀) ဦးအား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
UEHRD ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအားမြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E Mr.NicholasCoppelနှင့် United Nations Office for the Coordination of Humanitaian Affairs(UNOCHA) မှ Head of Office ဖြစ်သူ Mr.MarkCutts အဖွဲ့တို့က သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း
၁၇.၁၁.၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအားမြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံအမတ်ကြီး H.E Mr.Nicholas Coppelနှင့် United Nations Office for the Coordination of Humanitarian Affairs (UNOCHA)မှ Head of Office ဖြစ်သူ Mr. Mark Cutts အဖွဲ့တို့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌သီးခြားစီ လာရောက် တွေ့ဆုံပါသည်။ ရှေးဦးစွာသြစတြေးလျနိုင်ငံသံအမတ်ကြီး H.E Mr.Nicholas Coppel နှင့် တွေ့ဆုံ … Read more









