ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၁၇) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ မွန်ကာကျောင်းကျေးရွာအုပ်စု၊ ပါလောင်း ကျေးရွာမှ ပြည်သူလူထု (၁၂၀) ဦးအား သဘာဝဘေးနှင့်ပတ်သက်သည့် သိကောင်းစရာများအား ရှင်းလင်း ပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်းများဖြန့်ဝေပေးခြင်းနှင့် ထောက်ပံ့မှုနှုန်းထား များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)