ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၁၇) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် လွိုင်မွေမြို့နယ်၊ တိုင်းရင်းသားလူငယ်သင်တန်းကျောင်း၌ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များအကြောင်းရှင်းလင်းပြောကြားခြင်း၊ သဘာဝ ဘေးများဖြစ်ပေါ်လာပါက ဆောင်ရန်/ရှောင်ရန်များအားရှင်းလင်းပြောကြားခြင်း၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန် များ၊ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး သရုပ်ပြလေ့ကျင့်ခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်ဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)