UEHRD ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအားမြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E Mr.NicholasCoppelနှင့် United Nations Office for the Coordination of Humanitaian Affairs(UNOCHA) မှ Head of Office ဖြစ်သူ Mr.MarkCutts အဖွဲ့တို့က သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း

၁၇.၁၁.၂၀၁၇၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအားမြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံအမတ်ကြီး H.E Mr.Nicholas Coppelနှင့် United Nations Office for the Coordination of Humanitarian Affairs (UNOCHA)မှ Head of Office ဖြစ်သူ Mr. Mark Cutts အဖွဲ့တို့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌သီးခြားစီ လာရောက် တွေ့ဆုံပါသည်။

ရှေးဦးစွာသြစတြေးလျနိုင်ငံသံအမတ်ကြီး H.E Mr.Nicholas Coppel နှင့် တွေ့ဆုံ ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ကြိုးပမ်း ဆောင်ရွက်နေမှုများအား သိရှိနားလည်ပါကြောင်း၊ သြစတြေးလျနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အားလိုအပ်သည်များ အကူအညီပေးရန် အသင့်ရှိပါကြောင်းပြောကြားပြီး ရခိုင်ပြည်နယ်တွင် လူငယ်များ၏ အင်အားဖြင့်ဆောင်ရွက်နေသော လူသားချင်းစာနာကူညီမှုလုပ်ငန်းများ၊ ဒေသ တွင်း နေရပ်စွန့်ခွာသူများနှင့် နိုင်ငံတွင်း ပြန်လည်ဝင်ရောက်သူများအား အကူအညီ ပေးရေး ကိစ္စရပ်များ၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ ဒေသတွင်း ရွှေ့ပြောင်းသူများကိစ္စရပ်များအား ဆွေးနွေးမေးမြန်းပါသည်။

ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ကိစ္စအတွက် အဓိကလုပ်ငန်းကြီး(၂)ခုဖြစ်သည့် ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ကော်မတီ နှင့် UEHRD တို့၏ လုပ်ငန်းတာဝန်များ၊ ရေတိုရေရှည်စီမံချက်များဖြင့် ပဋိပက္ခထပ်မံမဖြစ် ပွားစေရေး ဆောင်ရွက်နေမှုများ၊ UEHRD အကောင်အထည်ဖော်ရေးတွင် ပြည်သူများ၏ အင်အားကိုစုစည်းဆောင်ရွက်မည်ဖြစ်ရာ နိုင်ငံတစ်ဝှမ်းမှ စေတနာ့ဝန်ထမ်းလူငယ်များ၏ အင်အားဖြင့် လူသားချင်းစာနာကူညီမှုလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ ပြန်လည် ထူထောင်ရေးအတွက် ကျေးရွာများပြန်လည်တည်ဆောက်နေမှုများနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ များ၊ မိတ်ဖက်နိုင်ငံများနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီများရယူမည့် ကိစ္စရပ် များ၊ လျှပ်စစ်ဓါတ်အား၊ သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများအား ဦးစားပေးဆောင်ရွက်မည့်ကိစ္စရပ်များ၊ နိုင်ငံတွင်းပြန်လည် ဝင်ရောက်လိုသူများအတွက် မြန်မာ – ဘင်္ဂလား ဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်များရရန် ညှိနှိုင်းနေမှုများ၊ ကချင်၊ရှမ်း(မြောက်)နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ ဒေသအတွင်းရွှေ့ပြောင်း သူများအတွက် စီစဉ်ဆောင်ရွက်နေသောကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပြီး သြစတြေးလျ နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား အကူအညီပေးနေမှုများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ ပါသည်။

ထို့နောက် United Nations Office for the Coordination of Humanitaian Affairs(UNOCHA)မှ Head of Office ဖြစ်သူ Mr. Mark Cuttsအဖွဲ့နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူ အညီများပေးရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်အစိုးရမှ UEHRD စီမံကိန်းဖြင့် ဆောင်ရွက်နေမှုများကို ရှင်းလင်းစွာသိရှိရသဖြင့် ဝမ်းမြောက်ပါကြောင်း၊ UNOCHA မှမြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာ တုံ့ပြန်ရေး စီမံချက် (Humanitarian Response Plan -2018) ရေးဆွဲထားမှုအားရှင်းလင်း တင်ပြပြီးဤစီမံချက်သည် UNOCHA တစ်ဖွဲ့တည်းနှင့်သက်ဆိုင်သည့် စီမံချက်မဟုတ်ဘဲ ကဏ္ဍပေါင်းစုံပါဝင်သည့်အတွက် UNDP၊ UNHCR၊ FAO တို့မှ ဌာနေ ကိုယ်စားလှယ် များပါဝင်လျက် လာရောက်ရှင်းလင်းတင်ပြရခြင်းဖြစ်ပါကြောင်း၊ ဤစီမံချက်ပါ ရခိုင်ပြည်နယ် အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများတွင် UEHRD ၏ လုပ်ငန်းများနှင့် ကိုက်ညီစေရန် ရေးဆွဲထားရှိပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများ အနေဖြင့်နိုင်ငံတော် အစိုးရနှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်၍ UEHRD တွင် ပါဝင်ကူညီနိုင်မည့်နည်းလမ်း များကိုမေးမြန်း ဆွေးနွေး ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကလူသားချင်းစာနာကူညီမှု၊ ပြန်လည်ထူထောင်နေရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် ပြည်သူများ၏ အင်အားဖြင့် တည်ထောင်ထားသော UEHRD ၏လုပ်ငန်းများ၊ ရပ်ရွာလူထုအတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကြိုးပမ်းချက်အဖြစ် မတူကွဲပြားမှုများ စီမံခန့်ခွဲရေးဖိုရမ် ကျင်းပမည့် ကိစ္စများ၊ UEHRD ၏ စီမံချက်ရေးဆွဲပြီး ရေတိုရေရှည် အကောင် အထည်ဖေါ်ဆောင်ရွက် မည့်လုပ်ငန်းများ၊ ပြည်တွင်းပြည်ပရှိစီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းများအား ဖိတ်ခေါ်၍ ဒေသအတွင်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည့် ကိစ္စရပ်များရှင်းလင်းပြောကြားပြီး လူသားခြင်းစာနာထောက်ထားမှုအကူ အညီပေးရေးဆိုင်ရာ တုံ့ပြန်ရေးစီမံချက်အပေါ် အကြံပြုဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events