Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၃-၁၁-၂၀၁၇) ရက်နေ့ (၁၃:၀၀) နာရီမှ (၁၅:၃၀) နာရီအချိန်ထိ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းကျေးရွာအုပ်စု၊ နမ့်ဟူးတောင်းအောက်ရွာဘုံခန်းမတွင် သဘာဝဘေးအသိပညာပေး ဟောပြော ပွဲပြုလုပ်ခဲ့ပြီး မီးဘေး၊ လေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးများ မဖြစ်ပွားမီ၊ ဖြစ်ပွားစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ဟောပြောဆွေးနွေးခဲ့ပြီး ဘေး (၆) မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ အင်အား (၁၅၃) ဦးခန့်ရှိကြောင်း … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ရေပေါက်ကြီးကျေးရွာတွင် (၁၈-၁၁-၂၀၁၇)နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့်အိမ်ခြေ (၁၇)လုံး၊ အိမ်ထောင်စု (၁၇)စု၊ လူဦးရေ (၈၀)ဦးတို့အတွက် ကယ်ဆယ်ရေး ပစ္စည်း (၄)မျိုး (၁၇)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၇၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၆၈,၀၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၁,၈၆၈,၀၀၀)ကျပ်တို့အား (၂၃-၁၁-၂၀၁၇) ရက်နေ့တွင် ဇလွန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ တစ်ဦး ချင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၁၇)တွင် သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ် ၊ ရေကြည်ကျေးရွာအုပ်စု၊ ဘုန်းကြီးရေဆည်ကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ်နှင့်ပက်သက်သည့်ကြိုတင်ပြင်မှုများ၊ ဆောင်ရန်/ရှောင်ရန် များအားဟောပြောခြင်း၊ ကျေးရွာသူ/သားများအား လက်ကမ်းစာဆောင်နှင့် ခေါက်ဆွဲထုတ် (၁၀၀) အားပေးအပ်ခဲ့ပြီး ကျေးရွာသူ/သား ၊ ကျောင်းသူ /ကျောင်းသားများ လူဦးရေ စုစုပေါင်း (၁၀၀)ဦးခန့် ၊ တာပွန်မြို့နယ် ရဲစခန်းမှ ရဲအုပ်နှင့် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၁၇) ရက်နေ့တွင် ပျဉ်းမနားမြို့နယ်၊ အ.ထ.က စာသင်ကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၃၀၀) ဦးပါဝင်သော ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်ခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ နေပြည်တော်မီးသတ်ဦးစီးဌာန၊နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့မှ အမှုထမ်း/အရာထမ်းများ တက်ရောက်ပြီး ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းအား ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးမြို့နယ်၊ ပြင်သာကျေးရွာ၌ (၂၁-၁၁-၂၀၁၇) ရက်နေ့တွင် မြစ်သာမြစ် ကမ်းပါးပြိုကျမှုကြောင့် နေအိမ် (၂) လုံးအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ပါသည်။ အဆိုပါ ကြိုတင်ဖျက်သိမ်းနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၂၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးငွေ (၂၁,၀၀၀) ကျပ်တို့အား (၂၂-၁၁-၂၀၁၇) ရက်နေ့တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးခန်း၌ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၁၇) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ တာမကျေးရွာမှ ပြည်သူလူထု (၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေး ခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအုပ်စု သာသနဝံသ ဝါဆိုကျောင်းတိုက်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
================================================= Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၁၇) ရက်နေ့၊ (၀၉းဝဝ ~ ၁၀း၃၀) နာရီအချိန်တွင် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအုပ်စု သာသနဝံသ ဝါဆိုကျောင်းတိုက်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက မီးဘေး လေဘေး ငလျင်ဘေး မိုးကြိုးဘေး မဖြစ်ပွားမီ ဖြစ်ပွားစဉ် ဖြစ်ပွားပြီးနောက် ဆောင်ရန်ရှောင်ရန်နှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ တက်ရောက်သူ အင်အား (၁၃၈) ဦးခန့်ရှိကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၁၇) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် သရက်ခရိုင်၊ သရက်မြို့နယ်၊ ကွမ်းအုံကျေးရွာမှ ကျေးရွာပြည်သူ လူထု (၁၀၀) ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မိုင်းဖြတ်မြို့နယ်၊ ပါပူးကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
================================================= Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ) မှ ဝန်ထမ်းများသည် (၂၂-၁၁-၂၀၁၇) ရက်နေ့၊ ညနေ (၀၆းဝဝ) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ပါပူးကျေးရွာ၌ သဘာဝအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲသို့ ကျေးရွာသူ/သား (၅၀) ဦး တတ်ရောက်ပြီး ဝန်ထမ်းများမှ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းများ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၁-၂၀၁၇) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် သရက်မြို့နယ်၊ တုတ်ကိုင်းကျေးရွာမှ ကျေးရွာပြည်သူလူထု (၁၀၀) ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)









