ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအုပ်စု သာသနဝံသ ဝါဆိုကျောင်းတိုက်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

23_pic01

23_pic02

=================================================
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
=================================================

ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၁၇) ရက်နေ့၊ (၀၉းဝဝ ~ ၁၀း၃၀) နာရီအချိန်တွင် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအုပ်စု သာသနဝံသ ဝါဆိုကျောင်းတိုက်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက မီးဘေး လေဘေး ငလျင်ဘေး မိုးကြိုးဘေး မဖြစ်ပွားမီ ဖြစ်ပွားစဉ် ဖြစ်ပွားပြီးနောက် ဆောင်ရန်ရှောင်ရန်နှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ တက်ရောက်သူ အင်အား (၁၃၈) ဦးခန့်ရှိကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events