
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၁၇)တွင် သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ် ၊ ရေကြည်ကျေးရွာအုပ်စု၊ ဘုန်းကြီးရေဆည်ကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ်နှင့်ပက်သက်သည့်ကြိုတင်ပြင်မှုများ၊ ဆောင်ရန်/ရှောင်ရန် များအားဟောပြောခြင်း၊ ကျေးရွာသူ/သားများအား လက်ကမ်းစာဆောင်နှင့် ခေါက်ဆွဲထုတ် (၁၀၀) အားပေးအပ်ခဲ့ပြီး ကျေးရွာသူ/သား ၊ ကျောင်းသူ /ကျောင်းသားများ လူဦးရေ စုစုပေါင်း (၁၀၀)ဦးခန့် ၊ တာပွန်မြို့နယ် ရဲစခန်းမှ ရဲအုပ်နှင့် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။