Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁-၂၀၁၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ လန်းဆမ်ကျေးရွာမှ လူဦးရေ (၈၀) ဦး ခန့်နှင့် နေ့လည် (၁၄း၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ပါခယ်ကျေးရွာမှ လူဦးရေ (၈၅) ဦးခန့်တို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှ ပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ကဆရ)
-
မြစ်ကြီးနားမြို့ သီတာနှစ်ချင်းဘုရားကျောင်းခန်းမ၌် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁ /၂၀၁၈) ဖွင့်လှစ်မှုသတင်း
================================================= Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ သီတာနှစ်ချင်းဘုရားကျောင်းခန်းမ၌် (၈-၁-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁ /၂၀၁၈) ကို ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။
-
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည်လက်ခံရေးနှင့် UEHRD လုပ်ငန်းတိုးတက်မှုအခြေအနေများကို ဆွေးနွေးရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား နယူးဇီလန်နှင့် နယ်သာလန်နိုင်ငံသံအမတ်ကြီးများက သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း
================================================= ၁၆-၁-၂၀၁၈၊ နေပြည်တော် ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E Mr. Steve marshall နှင့် နယ်သာလန်နိုင်ငံ သံအမတ်ကြီး H.E Mr. Wouter Jurgens တို့က (၁၆-၁-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံပါသည်။ နယူးဇီလန်နိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး တာဝန်ယူ ဆောင်ရွက်နေသော လုပ်ငန်းများ၏အရေးပါမှုကို သတိပြုမိပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုအား ကူညီပံ့ပိုးပေးလိုပါကြောင်း ပြောကြားပြီး … Read more
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁-၂၀၁၈) ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၏ဦးဆောင်မှုဖြင့် ကလေးမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု (၆၀) မှ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေး စာရေး (၆၀) ဦးတို့အား သဘာဝဘေးအန္တရာယ်များအနက် မြေငလျင်ဘေးနှင့်ပတ်သက်ပြီး အသိပညာများ ဟောပြောဆွေးနွေးခဲ့ပြီး (၁၃း၃၀) အချိန်မှ (၁၄း၀၀) နာရီအချိန်အထိ ရွှေရတုခန်းမတွင် ကလေးမြို့ အ.ထ.က (၁) မှ ကျောင်းသား/ကျောင်းသူ (၂၅၀) ဦးတို့အား သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာများ ဟောပြောပို့ချခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း … Read more
-
ကမ်းပြိုမှုကြောင့် ပြောင်းရွှေ့ခဲ့ရသောပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၇)ရက်နေ့၌ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သောင်ပြင်ကုန်းကျေးရွာအုပ်စု ကန့်လန့်ကုန်း ကျေးရွာ၌ ကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းခဲ့ရသော နေအိမ် (၃၂)လုံးအတွက် (၁၀၀၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်း (၃၂၀၀၀၀၀/-)ကျပ်တို့ အား (၁၅-၁-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရေလုပ်သားများအား ကွင်းတားပိုက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့၊ ကျေးရွာ(၅)ရွာမှ ရေလုပ်သားများအတွက် ငါးဖမ်း ရာ၌ အသုံးပြုရန် ကွင်းတားပိုက်(၂၅)လက်အား (၁၆-၁-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကျောက်မဲမြို့နယ်နှင့် မိုင်းငေါ့မြို့များသို့ထပ်မံ၍ တိမ်းရှောင်လာသော တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကျောက်မဲခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၅-၁-၂၀၁၈) ရက်နေ့တွင် ကျောက်မဲမြို့နယ်နှင့် မိုင်းငေါ့မြို့သို့ ထပ်မံ၍တိမ်းရှောင်လာသော တိုက်ပွဲ ရှောင်ပြည်သူအိမ်ထောင်စု (၅)စုမှ လူဦးရေ (၁၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု (၅)စုစာနှင့် ဆန်ရိက္ခာ (၇)ရက်စာ (၂၅၂၀၀/-)ကျပ်တို့အား (၁၆-၁-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁-၂၀၁၈) ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ ပန်းသခွား(အ.ထ.က) ကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးအပ်ခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁-၂၀၁၈) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စု၊ ကုမ္ပဏီကျေးရွာ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူ (၇၆) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်များပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁-၂၀၁၈)ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ အောင်မြေသာယာကျောင်းတွင်ထပ်မံရောက်ရှိလာသော လူဦးရေ (၈)ဦးနှင့် ဝါဆိုကျောင်းတွင် အိမ်ထောင်စု (၁၂)စု လူဦးရေ (၃၀) ဦး မိုင်းငေါ့ဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု (၂) စု လူဦးရေ (၁၁)ဦး၊ အိမ်အမှတ်(၈)ရပ်ကွက်တွင် အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိး အိမ်ထောင်စု(၁၆)စုစာနှင့် လူဦးရေစုစုပေါင်း (၆၃)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ တန်ဘိုးငွေ (၁၃၂၃၀၀/-)ကျပ်တိတိကို (၁၅-၁-၂၀၁၈)ရက်နေ့တွင် မိုင်းငေါ့ကျောင်း သို့ မော်တော်ယာဉ်ဖြင့်ပို့ဆောင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more









