ကျောက်မဲမြို့နယ်နှင့် မိုင်းငေါ့မြို့များသို့ထပ်မံ၍ တိမ်းရှောင်လာသော တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

16_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကျောက်မဲခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည်  (၁၅-၁-၂၀၁၈) ရက်နေ့တွင် ကျောက်မဲမြို့နယ်နှင့် မိုင်းငေါ့မြို့သို့ ထပ်မံ၍တိမ်းရှောင်လာသော တိုက်ပွဲ ရှောင်ပြည်သူအိမ်ထောင်စု (၅)စုမှ လူဦးရေ (၁၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု (၅)စုစာနှင့် ဆန်ရိက္ခာ (၇)ရက်စာ (၂၅၂၀၀/-)ကျပ်တို့အား (၁၆-၁-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။

Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events