
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁-၂၀၁၈)ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ အောင်မြေသာယာကျောင်းတွင်ထပ်မံရောက်ရှိလာသော လူဦးရေ (၈)ဦးနှင့် ဝါဆိုကျောင်းတွင် အိမ်ထောင်စု (၁၂)စု လူဦးရေ (၃၀) ဦး မိုင်းငေါ့ဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု (၂) စု လူဦးရေ (၁၁)ဦး၊ အိမ်အမှတ်(၈)ရပ်ကွက်တွင် အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိး အိမ်ထောင်စု(၁၆)စုစာနှင့် လူဦးရေစုစုပေါင်း (၆၃)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ တန်ဘိုးငွေ (၁၃၂၃၀၀/-)ကျပ်တိတိကို (၁၅-၁-၂၀၁၈)ရက်နေ့တွင် မိုင်းငေါ့ကျောင်း သို့ မော်တော်ယာဉ်ဖြင့်ပို့ဆောင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)