Category Archives: News
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန် ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ ဆောင်ရွက် လျက်ရှိရာ (၂၉-၁-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့တဲအိမ် (၆) လုံးအတွက် (၁) တဲလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၈၀,၀၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ခန္တီးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ငလျင်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၁၈) ရက်နေ့တွင် ကျောက်ဖြူခရိုင်၊ ကပ်သပြေကျေးရွာအုပ်စု၊ ပြားတဲကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ၌ ကျောင်းသူ/သားများ စုစုပေါင်း (၁၀၂) ဦးခန့်အား ငလျင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန် အကြောင်းအရာများ အား ဆွေးနွေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ အမှတ် (၅) ရပ်ကွက်တွင် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် Family Kits (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀) ကျပ်တို့အား (၂၉-၁-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၁၈) ရက်နေ့တွင် ကသာမြို့နယ်၊ နွားကူးကျေးရွာ၊ အလယ်တန်းကျောင်း (ခွဲ) မှ ကျောင်းသား/ကျောင်းသူ (၁၅၆) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၁၈) ရက်နေ့တွင် ကယားပြည်နယ်၊ ဖရူဆိုမြို့၊ ဟိုယာကျေးရွာ၌ ပြည်သူလူထု (၁၀၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန် ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်တွင် သတ်မှတ်ထား သော မြေနေရာသို့ ပြောင်းရွှေ့သူများအတွက် တဲ (၁) တဲလှျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် ပြောင်းရွှေ့ပြီးသည့် တဲ (၉) လုံးအတွက် စုစုပေါင်း (၂၇၀,၀၀၀) ကျပ်အား (၂၈-၁-၂၀၁၈) ရက်နေ့တွင် ရတနာနယ်မြေပြန်လည် နေရာချထားရေးကွပ်ကဲရေးရုံး၌ ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ ရတနာနယ်မြေ ပြန်လည် နေရာချထားရေးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန (စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး) မှ (၂၈-၁-၂၀၁၈) ရက်နေ့မှ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မန္တလေးတိုင်းဒေသကြီးအတွင်း လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်မှု ပူးပေါင်းဆောင်ရွက်မှုသတင်း
၂၈-၁-၂၀၁၈၊ မန္တလေး မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် လူမှုကူညီရေးလုပ်ငန်းများကိုဆောင်ရွက်လျက် ရှိသည့် ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၏ လုပ်ငန်း တစ်ခုဖြစ်သော အထူးစောင့်ရှောက်မှုလိုအပ်သော ကလေးငယ်များအတွက် နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းကအသင်း၏ပညာဒါနကျောင်းဆောင်တွင်ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၏ အထွေထွေဖွံ့ဖြိုးမှုနောက်ကျ သော အထူးစောင့်ရှောက်မှုလိုအပ်သည့် ကလေး ငယ်များအတွက် နေ့ပိုင်းစောင့်ရှောက်ရေး လုပ်ငန်းအကောင်အထည်ဖော်မှုသည် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသော ပြန်လည်ထူထောင်ရေးလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ကလေးသူငယ်တိုင်း … Read more
-
အာဆီယံလူသားချင်းစာနာကူညီမှုဆိုင်ရာညှိနှိုင်းရေးအဖွဲ့က ရခိုင်ပြည်နယ် အတွင်းရှိ ပြန်လည်လက်ခံရေးစခန်းများကို သွားရောက် လေ့လာမှုသတင်း
၂၈-၁-၂၀၁၈ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးမှူးရုံး (AHA Centre)က ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာတိမ်းေ ရှာင်ပြည်သူများအတွက် (၁၄-၁၁-၂၀၁၇)ရက်နေ့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှလှူဒါန်းသည့် အမေရိကန် ဒေါ်လာ လေးသိန်းခွဲခန့် တန်ဖိုးရှိသော လူသုံးကုန်ပစ္စည်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အကူအညီများကိုလည်းကောင်း၊ (၁၄-၁၂-၂၀၁၇)ရက်နေ့တွင် စင်္ကာပူနိုင်ငံ မှလှူဒါန်းသည့် အမေရိကန်ဒေါ်လာ(၇)သောင်းခွဲခန့်တန်ဖိုး ရှိသည့် မီးဖို ချောင်သုံးပစ္စည်းများကိုလည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများကို ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ တိမ်းရှောင် ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် … Read more
-
မိခင်ဝိုင်းများတိုးချဲ့ဖွင့်လှစ်ခြင်းနှင့်လေဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ပြည်သူအကြားကွင်းဆင်းဆောင်ရွက်မှုသတင်း
၂၈.၁.၂၀၁၈ မကွေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ တိုင်းဒေသကြီးဦးစီးမှူး များနှင့်တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့ လိုက်ပါလျက် ဇန်နဝါရီ လ ၂၇ ရက်နေ့တွင် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းတစ်ရပ်ဖြစ်သည့် မိခင်ဝိုင်းများ တိုးချဲ့ ဖွင့်လှစ်နိုင်ရေးအတွက် မင်းဘူးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ် သင်ကြားလျှက်ရှိသော မင်းဘူးမြို့နယ် ကျေးရွာ(၅)ရွာမှ သင်တန်းသူမိခင်များနှင့်ပံ့ပိုးသူများအဖွဲ့ကို မွန်းလွဲပိုင်းတွင် သွားရောက်တွေ့ဆုံရာတွင် မိခင်ဝိုင်းများ ဖွင့်လှစ်ရသည့် ရည်ရွယ်ချက် များ ဖြစ်သည့် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁-၂၀၁၈) ရက်တွင် ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာ၌ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၁၂၀) ဦးအား သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောပြီး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)









