ထောက်ပံ့ငွေပေးအပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန် ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်တွင် သတ်မှတ်ထား သော မြေနေရာသို့ ပြောင်းရွှေ့သူများအတွက် တဲ (၁) တဲလှျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် ပြောင်းရွှေ့ပြီးသည့် တဲ (၉) လုံးအတွက် စုစုပေါင်း (၂၇၀,၀၀၀) ကျပ်အား (၂၈-၁-၂၀၁၈) ရက်နေ့တွင် ရတနာနယ်မြေပြန်လည် နေရာချထားရေးကွပ်ကဲရေးရုံး၌ ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ ရတနာနယ်မြေ ပြန်လည် နေရာချထားရေးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန (စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး) မှ (၂၈-၁-၂၀၁၈) ရက်နေ့မှ စတင်၍ အနီးကပ် ကြည့်ကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်း ရရှိပါသည်။

Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events