Category Archives: News
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့နယ်၊ သောင်ပြင် ကုန်းအုပ်စု၊ ကန့်လန့်ကုန်းရွာ၌ (၂-၂-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင် ရွှေ့ပြောင်းနေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀၀၀၀) ကျပ်တို့အား (၅-၂-၂၀၁၈) ရက် နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန်ရတနာနယ် မြေရှိ ရေမဆေးကျောက်ရှာဖွေသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ (၆-၂-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့တဲအိမ် (၁၄) လုံးအတွက် (၁) လုံးလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၄၂၀,၀၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:ခန္တီးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ချင်းပြည်နယ်အတွင်း ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ဒုတိယဝန်ကြီးကြည့်ရှု စစ်ဆေးမှုသတင်း
၅-၂-၂၀၁၈၊ နေပြည်တော် ချင်းပြည်နယ်၊ ဟားခါးမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးဦးစိုးအောင်သည် (၄-၂-၂၀၁၈)ရက်နေ့ ညနေပိုင်းတွင် ဟားခါးမြို့ရှိ ပြည်နယ်လူမှုဝန်ထမ်းရုံးသို့ရောက်ရှိပြီး ပြည်နယ်ရုံး ဆောက်အဦသစ်တည်ဆောက်နေမှုအခြေအနေများကိုကြည့်ရှုခြင်း၊ ပြည်နယ်တွင်းဆောင်ရွက်နေသော လူမှုဝန်ထမ်းလုပ်ငန်းများ ပီပြင်စွာ အကောင်အထည်ဖော်ရေး၊ ပြည်သူများ၏အကြံပြုချက်များကိုနားထောင်၍ ဆန်းသစ်သောအမြင် လုပ်ဆောင်ချက်များဖြင့် ပြည်သူကိုဝန်ဆောင်မှုပေးရေး၊ ချင်းပြည်နယ်တွင် ဆောင်ရွက်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများ ထောက်ပံ့သည့်လုပ်ငန်းများနှင့် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ပေးသည့်လူမှုရေးပင်စင်များ ထောက်ပံ့ပေးနေမှု လုပ်ငန်းများကို လက်ဝယ်အရောက်ထောက်ပံ့ပေးရန်အတွက် ကြပ်မတ်ပေးရေး ပေါင်းစပ်ညှိနှိုင်းရေးတို့ကို မှာကြားပါသည်။ ထို့နောက် (၅-၂-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြု လုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၁၈) ရက်နေ့တွင် ဗန်းမော်မြို့ ထွယ်ဆန် IDPs စခန်း၌ လူဦးရေ (၆၀) ဦးခန့်အား မီးဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးနှင့်ပက်သက်သည့် ဆောင်ရန်/ ရှောင်ရန်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး သဘာဝဘေးနှင့်ပက်သက်သည့် လက်ကမ်းစာစောင် များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြု လုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၁၈)ရက်နေ့တွင် ဘားအံမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား(၅၀၀)ဦးအား ငလျင်ဘေးအပါအဝင် မီးဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး နှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်း ပိုစတာများ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် ဘောပင်များအား ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး
-
ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့ အ-ထ-က ကျောင်းတွင် ဖေဖော်ဝါရီလ(၅)ရက်နေ့၌ ကြက်ခြေနီအဖွဲ့နှင့်ပူးပေါင်း၍ အမာမြို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးခင်မောင်သန်းနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၇၀၀)ဦးအား ငလျင်ဘေး အန္တရာယ်အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ထိုဟောပြောဆွေးနွေးပွဲ တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၁၈)ရက်နေ့တွင် ကယား ပြည်နယ်၊ မယ်စဲ့မြို့နယ်၊ မယ်စဲ့ကျေးရွာအုပ်စု၊ ဟိုစဲ့ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးသင့် (၁)အိမ်ထောင်အတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး(၈၄၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၂၀၀,၀၀၀/-)ကျပ်တို့အား ထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး
-
ထောက်ပံ့မှုနှင့် နေရပ်ပြန်ပြည်သူများအား လိုက်ပါပို့ဆောင်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်လုပ်ကွက်များမှ မိုးကောင်းမြို့သို့ (၅-၂-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ရောက်ရှိလာသော နေရပ်ပြန်ပြည်သူ (၉) ဦးအား တစ်ဦးလျှင် တီရှပ် (၁)ထည် တဘက် (၁)ထည် ဆပ်ပြာ (၁)တောင့်နှင့် ဆန်ရိက္ခာ ၇ ရက်စာဖိုး (၂,၁၀၀)ကျပ်အား ထောက်ပံ့ပေးခဲ့ပြီး လူ (၉)ယောက်စာအတွက် ရထားလက်မှတ်ခ စုစုပေါင်း (၃၃,၃၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး မင်းပြား၊ ကျောက်တော် အရာတော်၊ ထန်းတပင်၊ ရသေ့တောင်၊ မန္တလေးမြို့များသို့ … Read more
-
ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၁၈)ရက်နေ့တွင် ကျောက် တော်မြို့နယ်၊ အပေါက်ဝကျေးရွာအုပ်စု အပေါက်ဝအလယ်(မူဆလင်)ကျေးရွာတွင် ကုလားတန်မြစ်ကမ်းပြိုမှုကြောင့် လူနေအိမ် (၁၂)လုံး လုံးဝပြိုကျသွားခဲ့ပြီး လူနေအိမ်(၉)လုံးအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရာ စုစုပေါင်းလူနေအိမ် (၂၁)လုံး အိမ်ထောင်စု (၂၁)စုမှ လူဦးရေ(၁၂၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ထောင်စု(၁၂)စုစာ (၆)မျိုး၊ အိမ်ထောင်စု(၉)စုစာ ဆန်ရိက္ခာ (၇)ရက်စာဖိုး(၂၅၈၃၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၂၁၀၀၀၀၀/-)တို့ကို ခရိုင်အုပ်ချုပ်ရေးမှူးမြို့နယ် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၅-၂-၂၀၁၈)ရက်နေ့၌ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန် ရတနာနယ် မြေရှိ ရေမဆေးကျောက်ရှာဖွေသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ ဆောင်ရွက် လျက်ရှိရာ (၅-၂-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့ခဲ့သည့်တဲအိမ် (၁၁) လုံးအတွက် (၁) လုံးလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် (၃၃၀,၀၀၀) ကျပ်နှင့် ပြောင်းရွှေ့အိမ် (၁) လုံးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ ငွေ (၄၃၀,၀၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေး … Read more









