ထောက်ပံ့ငွေပေးအပ်မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန် ရတနာနယ် မြေရှိ ရေမဆေးကျောက်ရှာဖွေသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ ဆောင်ရွက် လျက်ရှိရာ (၅-၂-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့ခဲ့သည့်တဲအိမ် (၁၁) လုံးအတွက် (၁) လုံးလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် (၃၃၀,၀၀၀) ကျပ်နှင့် ပြောင်းရွှေ့အိမ် (၁) လုံးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ ငွေ (၄၃၀,၀၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေး ကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားရေးလုပ်ငန်းများအတွက် ထောက်ပံ့မှုများဆောင်ရွက်ပေး လျက်ရှိရာ (၂၈-၁-၂၀၁၈)ရက်နေ့မှ (၅-၂-၂၀၁၈) ရက်နေ့အထိ ပြောင်းရွှေ့ခဲ့ပြီး တဲအိမ် (၁၇၄) လုံးနှင့် ပြောင်းရွှေ့အိမ် (၃) လုံး စုစုပေါင်း ပြောင်းရွှေ့အိမ် (၁၇၇) လုံးတို့အတွက် (၅,၅၂၀,၀၀၀) (ငါးဆယ့်ငါးသိန်းနှစ် သောင်းကျပ်တိတိ) ထောက်ပံ့ပြီး ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Source:ခန္တီးခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events